နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မအေးသောင်းတစ်ယောက် သူမရဲ့လှပမှုတွေကို Facebook ပေါ်တင်တိုင်း သိမှတ်စရာ စကားလုံးလေးတွေကို အမြဲတမ်းတွဲဖက်ပေးလေ့ရှိ ပါတယ်။ အခုလည်း ဘဝအတွက် သိမှတ်စရာစာစုလေးကို သူမရဲ့မြန်မာဆန်ပြီး ကျက်သရေ ရှိလှတဲ့ ပုံရိပ်လေးတွေနဲ့အတူ တွဲဖက်ပြီး တင်ထားတာပဲဖြစ်ပါတယ်။ အနုပညာလောကကို ငယ်ရွယ်စဉ်ကာလက နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းဆိုတဲ့ ညီမနှစ် ယောက်အတူတူ ဝင်ရောက်ကြိုးစား ခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အနုပညာလုပ်ငန်း တွေမှာ သိပ်မတွေ့ရတော့ပဲ ပြင်ပလောကမှာ အဆင်ပြေပြေနဲ့ဖြတ်သန်းနေကြတာဖြစ်ပါ တယ်။

အေးဝတ်ရည်သောင်းတစ်ယောက်ကတော့ အသက်သုံးဆယ်ကျော်အရွယ်မှာ အနုပညာ လောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်တွေကလည်း တခဲနက်အားပေး ကြိုဆိုခဲ့ကြပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့ လှပကျော့ ရှင်းမှုတွေက ပုရိသတွေကို အတော်လေးကိုင်လှုပ်နိုင်ခဲ့တာကြောင့် အများတကာရဲ့ ပါးစပ်ဖျားမှာ “ မအေးသောင်း ” ဆိုတဲ့ နာမည်လေးက ပြောစမှတ်တွင်ခဲ့ပါတယ်။ မြန်မာ ဝတ်စုံလေးတွေကိုပဲ အများအားဖြင့်ဝတ်ဆင်ပြီး ကျက်သရေရှိရှိနဲ့ လှပစွာပြုံးတတ် သူလေးပေါ့။

သူမရဲ့ Facebook မှာ ပြုံးပါ ကျရှုံးနေလည်း ပြုံးပါ မကျေနပ်ရင်လည်း ပြုံးပါ ဝေဖန် တိုက်ခိုက်နေလည်း ပြုံးပါ ဘာပဲဖြစ်နေဖြစ်နေ...... နောက်ဆုံး အပြုံးနဲ့ငြင်းတတ်ပါစေ။ ဆိုပြီး သိမှတ်စရာစာပိုဒ်လေးကို တင်ထားတာပဲဖြစ်ပါတယ်။ ခရမ်းရောင်မြန်မာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ မအေးသောင်းရဲ့ မဟာဆန်တဲ့အလှတရားတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။