နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် သူမရဲ့စက်ဘီးပေါ်က ချစ်စဖွယ် ပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါတယ်။ မြန်မာဆန်ဆန်ပုံစံလေးနဲ့ အရမ်းကို ချစ်စရာကောင်းလွန်း တဲ့ သူမရဲ့ပုံရိပ်လေးတွေက မြင်သူတိုင်းရဲ့ရင်ကိုအေးမြစေပါတယ်။ ဆံပင်ရှည်လေးကို စုပြီးရှေ့ကို ချထားကာ အေးမြတဲ့အပြုံးလေးတွေနဲ့ စက်ဘီးလေးပေါ်က ဆုဆုရဲ့အလှက သူယောင်မယ်လေး အလား အမြင်မှားချင်လောက်စရာကောင်းနေပါ တယ်။ ဒါတွေကြောင့်ပဲ ပရိတ်သတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေးတစ်ဦးဖြစ်လို့ နေတာပေါ့။

သူမရဲ့အချစ်ရေးကလည်း လက်ရှိမှာ အဆင်ပြေပြေဖြတ်သန်းနေတာဖြစ်ပြီး ချစ်သက်တမ်း ကလည်း တစ်နှစ်ကျော်ကာလတိုင်နေပြီဖြစ်ပါတယ်။ သူမရဲ့ချစ်သူကတော့ စိန်ဘယက် ဆေးတိုက်ရဲ့မျိုးဆက် လေးလည်းဖြစ် ဝါသနာတူ အနုပညာရှင်လည်းဖြစ်တဲ့ သရုပ်ဆောင် သူရိယပဲဖြစ်ပါတယ်။ နှစ်ယောက်သားက တစ်ယောက်ကိုယ်တစ်ယောက် အရမ်းကို ချစ်ကြပြီး အပြန်အလှန်ဂရုစိုက်ကြတာ ကြောင့် ပရိတ်သတ်တွေအားကျတဲ့ အချစ်စံအိမ်လေး တစ်ခုကိုတည်ဆောက်ထားသူတွေဆိုလည်း မမှားပါဘူး။ နှစ်ယောက်လုံးက ပရိတ်သတ် အသည်းကျော်တွေဖြစ်သလို အရမ်းကိုလည်း လိုက်ဖက်လွန်းလှပါတယ်။

သူမရဲ့စက်ဘီးပေါ်က ချစ်စဖွယ်ပုံရိပ်လေးတွေကို “စက်ဘီး မစီးတက်စီးတက်နဲ့ ဟုတ်သည် မဟုတ်သည် စီးသည် ဘယ်သူလိုက်ရဲလဲ ” ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ မြန်မာမလေး ဆုအိမ့်စံရဲ့ စက်ဘီးပေါ်က ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Hsu Eaint San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။