ထိုင်းနိုင်ငံမှ အထက်တန်းကျောင်းသားလေးတဦးဟာ ကျောင်းကိုလာတဲ့လမ်းမှာ ကားတိုက်မူကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အဖွားအိုတဦးကို ကူညီခဲ့ပြီးနောက် လူမူကွန်ယက်နဲ့ တီဗီအစီအစဉ်တွေ မှာနာမည်ကြီးနေပါတယ်။ ဖြစ်ပုံကတော့အဖွားအိုဟာ ဆိုင်ကယ်တစီးရဲ့ နောက်ခုံကနေ ထိုင်စီး၍လိုက်ပါလာခဲ့တာဖြစ်ပြီး ကားတစီးနဲ့ မတော်တဆတိုက်မိခဲ့ပြီးနောက် ခြေထောက်ကျိုးသွားခဲ့ကာ တခြားထိခိုက်ဒဏ်ရာတွေလည်း ရရှိသွားခဲ့တာပါ။ 

ယခုလိုကူညီခဲ့တဲ့ ကျောင်းသားလေးရဲ့ အမည်ကတော့ အမ်သရီးဖြစ်ပြီး သူဟာ ထိုင်းတောင်ပိုင်း သွန်ရိုင်းခရိုင်တွင်းက ကျောင်းတကျောင်းမှာ ပညာသင်ကြားနေတဲ့ ၉ တန်းကျောင်းသားတဦး ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြထားပာတယ်။

ကျောင်းသားလေးဟာ ထိုယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ အဖွားအိုကို ကျောင်းအလာလမ်းမှာ အရေးပေါ် ဆေးကုသရေးအဖွဲ့နဲ့အတူ ပါဝင်ကူညီခဲ့တာပါ ။ဆေးကုသရေးအဖွဲ့ရဲ့ ယူနီဖောင်းမရှိပေမယ့် သူ့အနေနဲ့ ခုလိုကြုံတွေ့ရတာကို လျစ်လျူရှုပြီး ကျော်မသွားနိုင်ဘူးလို့ ပြောပါတယ် ။လက်ရှိမှာတော့ သူ့ရဲ့ ဒီအဖြစ်အပျက်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပြီး အတုယူဖွယ် ကူညီတတ်တဲ့ ကျောင်းသားလေးတဦးအဖြစ် ပြောနေကြပါတယ်။

Source:  DVB TV  news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။