စူပါမော်ဒယ် သန္တာလှိုင်ကတော့ ညတွင်းချင်း ဆေးရုံတက်လိုက်ရတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ရပါတယ် ။ အမှန်တကယ် ဆေးရုံတက်ပြီး ခွဲစိတ်ရတဲ့ လူနာက ခင်ပွန်းသည်ဖြစ်ပေမယ့် သူမလည်း ညလယ်ခေါင်ကြီး တစ်ခါထဲ ဆေးရုံတက်လိုက်ရတာပါတဲ့ ။ ဖြစ်ပုံကတော့

"အမှန် တကယ့်လူနာက ယောက်ျားလေ မနေ့နေ့လယ်က ခွဲခန်းထဲ ဝင်ရတာက သူ အိမ်က ခွေး၂ ကောင် ကိုက်တာကို ဇောနဲ့ ဆွဲလိုက်တာ ဘယ်လောက်တောင် လက်က အားပြင်းလဲ မသိဘူး ။ 

လက်ချောင်းတွေ အဆစ်ချော်လွဲပြီး လက်ချောင်းက အရိုးလေးတွေ ကြေတောင် သွားတယ် မနေ့က သူခွဲစိတ်ပြီး လက်ချောင်းမှာ သံချောင်းတွေရော ကြယ်သီးနဲ့ အပ်ချည်ကြိုးတွေနဲ့ ထွက်လာပြီး တော်တော်နာနေလို့ သားအမိ၂ယောက် သူ့ကိုဝိုင်းပြီး ပြုစုနေတဲ့ အချိန် ညလယ်ကျမှ ကိုယ်က ထပြီး ရင်ကြပ်ပါလေရော.ဆရာဝန်ငယ်ငယ်ချောချောလေးတွေ အများကြီးပဲ ကိုယ့်ကို ဝိုင်းပြီ ဂရုစိုက်ပေးတဲ့ ဆရာဝန် ညီမချောချောလေးတွေကို ကျွန်မရဲ့ workshop မှာ အချိန်ရတာနဲ့ နီးနီးလေးမို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လာလုပ်ဖို့ ဖိတ်ခဲ့တယ်" ဆိုပြီး သူမက ပြောပြခဲ့တာပါ ။ 

ပရိတ်သတ်တွေကတော့ သူမတို့မိသားစုကိုစိတ်ပူပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ ၀ုိင်းဝန်းပြောဆိုနေကြပါတယ် ။ သန္တာလှိုင်ကတော့ Single mom တစ်ဦးအဖြစ် ဘဝကို ကြံခိုင်စွာဖြတ်သန်းခဲ့ပြီး ခုချိန်မှာ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ ။ ခုအရွယ်ထိ လှပချောမောနေဆဲသူမက သူမအကောင့်ကနေ ဘဝအတွက် သူမကြုံတွေ့ခဲ့တဲ့အတွေ့အကြံုတွေကတဆင့် သင်ခန်းစာတွေကိုလည်း ရေးသားလေ့ရှိပြီး သူမကိုအားပေးတဲ့ ပရိတ်သတ်တွေလဲ အများကြီးရှိနေတာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။