ပရဟိတပွဲတွေမှာ ပါ၀င်ကူညီသီဆိုပေးလေ့ရှိတဲ့ အဆိုတော်ကတော့ အိမ့်ချစ်ပါ ။ ဒီလို ကူညီပေးတာကြောင့် ကုသိုလ်လဲရပြီး အများအတွက်လဲ ထောက်ကူပေးနိုင်တယ်လို့ ယူဆတဲ့ အတွက် မှန်ကန်တဲ့ပရိဟိတပွဲတွေကို အမြဲကူညီသီဆိုပေးလေ့ရှိတယ်လို့ အဆိုတော် အိမ့်ချစ်က 7days ရဲ့ အင်တာဗျူးတစ်ရပ်မှာ ဆိုပါတယ် ။ သို့ပေမယ့် အချို ့တွေက ပရဟိတခေါင်းစဉ်တပ်ပြီး ပျော်ဖို့ရွှင်ဖို့ သက်သက် ပြုလုပ်တဲ့ပွဲတွေအတွက် အကူအညီလာတောင်းတာမျိုးလဲ ကြုံရဖူးတယ်လို့ သူမကဆိုခဲ့ပါတယ် ။

‘‘တချို့ကျတော့ မဟုတ်ဘဲနဲ့ အကူအညီလာတောင်းတာမျိုး တွေ ကြံုရတယ်။ အဲဒီလိုမျိုးတွေ ဆို အိမ့်ချစ် အားမနာဘူး။ တချို့ က ပျော်လို့၊ ပွဲလုပ်ချင်လို့ အမြဲ တမ်း ပရဟိတဆိုတဲ့ ခေါင်းစဉ် တပ်ပြီးတော့ ပွဲလုပ်နေတဲ့သူတွေ ရှိတယ်သိလား။ ဒါကို ပရိသတ် တွေက သိချင်မှသိမယ်။ အိမ့်ချစ် တို့က ဒီလောကထဲမှာနေတာမို့ လို့သိတာ။ ပရဟိတဆိုတဲ့ ခေါင်း စဉ်တစ်ခုအောက်မှာ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ တကယ်ထိထိ ရောက်ရောက် လုပ်ဆောင်နေတဲ့ သူတွေအတွက် ကူညီပေးရတာ ကိုယ်လည်း ကုသိုလ်ရတယ်လေ’’ လို့ သူမကပြောခဲ့တာပါ ။ 

ပရဟိတခေါင်းစဉ်တွေ အများကြီးထဲမှာမှ တကယ် ထိရောက်စွာလုပ်ကိုင်နေတဲ့ ပရဟိတတွေကို အားပေးထောက်ခံကူညီပေးနေတဲ့

အိမ့်ချစ်ကတော့ အဆိုတော် ဦးချစ်ကောင်းရဲ့ အနုပညာမျိုးဆက်သွေးဖြစ်ပြီး ပြင်ပစီးပွားရေးအနေနဲ့ Emily ဆိုတဲ့ ဖက်ရှင်ဆိုင်လေးလဲ ဖွင့်လှစ်ထားပါတယ် ။ ဂီတအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အဆိုတော် ဟဲလေးနှင့် တွဲဖက်ပြီး ‘ချောကလက်မှိုတက် ညိုပြာ ညက်’တေးစီးရီးကိုလည်း ဖြန့်ချိနိုင်အောင် ကြိုးစားလျက်ရှိတယ်လို့ သိရှိရပါတယ် ပရိတ်သတ်ကြီးရေ ...

သတင်းအရင်းမြစ် : Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။