တခေတ်တခါက အနုပညာလောကရဲ့ နာမည်ကြီး လူသိများတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို တဟုန်ထိုး ပြန်လည်လုပ်ကိုင်လို့ နေပြီဖြစ်ပါတယ်။ ပြည်မှာ ပညာသွားရောက်သင်ယူနေခဲ့တာကြောင့် အနုပညာလောကနဲ့ ကင်းကွာနေတဲ့ သူဟာ လက်ရှိမှာတော့ ငပလီကမ်းခြေကို photo shooting တစ်ခုအတွက် ရောက်ရှိနေကြောင်း သူ့ရဲ့ လူမှုစာမျက်နှာကဆင့် သိရပါတယ်။ 

"မေထုန်ရာသီဖွား" ဇာတ်ကားကြီးနဲ့ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာပြီး Mister Tourism World Winner ဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ လူမှုစာမျက်နှာထက်မှာ ကမ်းခြေမှာရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်လို့နေတာ တွေ့ရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သတ်လို့တော့ ဥက္ကာမင်းမောင်က သူ့ရဲ့ လူမှုစာမျက်နှာမှာ "ဒီရက်ပိုင်း အကျႌမပါတဲ့ပုံတွေ၊ ရေကူးဘောင်းဘီနဲ့ပုံတွေချည်းတင်ရို့တဲ့.. တားတားကို ဝိုင်းပြောကြလေသည်..ဗြဲ.. ငပလီလာပြီး တိုက်ပုံနဲ့ပုဆိုးနဲ့ ရေကူးတာမျိုးတော့ ရိုက်မလား စဉ်းစားကြည့်... ဗြဲ... မကြည့်ရဲလို့လား..ဗြဲ... ဒါပေမဲ့ ပုံတွေကျန်သေးဒယ်..တင်ဦးမှာ.. ဟက်ဟက် အရှက်မရှိသရက်စိဆိုတာ ကျွန်တော် ပဲ.. " ဆိုပြီး ဟာသလေးနှောပြီး ပရိသတ်တွေကို ပြန်လည်ဖြေရှင်းပြထားပါတယ်။

Source: Ye Htoo Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။