ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Mario Maurer ကတော့ မဆင်မခြင်ကားမောင်းမှုကြောင့် ဒဏ်ငွေဆောင်လိုက်ရတယ်လို့ ဆိုပါတယ်..။

Mario ဟာ ပြီးခဲ့တဲ့ရက်က တက္ကစီယာဉ်မောင်းသမားတစ်ယောက်နဲ့ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ခဲ့တာ ဖြစ်ပါတယ်..။

အဆိုပါ တက္ကစီယာဉ်မောင်းသမားနဲ့ ယာဉ်မတော်တဆမှုကြောင့် အချင်းများခဲ့ပြီး ဒဏ်ငွေဆောင်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်..။

ဇန်နဝါရီ (၁၀)ရက်နေ့မှာတော့ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ဘတ်တစ်သောင်း ကို ပေးဆောင်လိုက်ရတာ ဖြစ်ပါတယ်..။

အသက်(၂၉)နှစ်အရွယ် Mario ဟာ အသက်(၃၇)နှစ်အရွယ် တက္ကစီယာဉ်မောင်း သမားဖြစ်တဲ့ Udon Suthipon ယာဉ်မတော်တဆမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်..။

ယာဉ်မတော်တဆမှုကြောင့် တက္ကစီယာဉ်မောင်းသမားက ဒေါသထွက်ပြီး Mario ကို ကားကို လေးခွနဲ့ ပစ်ခဲ့တာကြောင့် Mario ရဲ့ ကားရှေ့မှန်ကွဲသွားခဲ့တယ်လို့ သိရပါတယ်..။

ယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး Mario က သက်ဆိုင်ရာကို မတိုင်ကြားဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့ကတော့ တရားစွဲဖို့ကို ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်..။

တက္ကစီယာဉ်မောင်းသမားရဲ့ ပြောပြချက်ကတော့ Mario ဟာ Signal မပြဘဲ ကားကို ကွေ့လိုက်တဲ့ အတွ့် အခုလို ဖြစ်ရတာ ဖြစ်တယ်လို့ သိရပါပြီး တက္ကစီကားမှန်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်..။

ဇန်နဝါရီ (၁၀)ရက်နေ့မှာတော့ နှစ်ဦးလုံးကို ကားမဆင်မခြင်မောင်းနှင်မှုနဲ့ ဒဏ်ကြေးငွေ ပေးဆောင်စေခဲ့ပြီး တက္ကစီယာဉ်မောင်းသမားကိုတော့ သူတစ်ပါးပိုင်ပစ္စည်း တိုက်ခိုက် ဖျက်ဆီးရန် ကြိုးစားမှုတွေနဲ့ ထပ်ပြီး တရားစွဲဆိူခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပြထားပါတယ်..။

Source - Bangkok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။