ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ချန်ကေရှိတ်တို့ဦးဆောင်ကာ ဂျပန်တို့ကို ပြန်လည်တိုက်ထုတ်နေကြပီပဲဖြစ်ပါတယ်။ ထိုအချိန်မှာ အိန္ဒိယ နိုင်ငံ မှာရှိတဲ့ အင်္ဂလိပ်တို့ရဲ့ မဟာမိတ် အမေရိကန်က တရုတ်နိုင်ငံကိုဝင်ရောက်ဖြတ်သန်းသွားလာဖို့ အိန္ဒိယ-မြန်မာ-တရုတ် လမ်းကို ဖေါက်လုပ်ခဲ့ပါတယ်။ 

ထိုကဲ့သို့ ဖောက်လုပ်ထားတဲ့ လမ်းနဲ့ မလှမ်းမကမ်းကွာဝေးတဲ့ နေရာနားမှာရေကန်တစ်ခုရှိပါတယ်။ ဒီရေကန်ဟာ လူကြီးသူမများရဲ့ ပြောစကားအရ ထူးဆန်းမှုတွေရှိနေတယ်လို့သိရပါတယ်။ ဘယ်လိုထူးဆန်းတာလဲဆိုရင် အဲ့ဒီ ရေကန်ပေါ်က ဖြတ်သန်း သွားတဲ့ မဟာမိတ် အမေရိကန် လေယာဉ်ပေါင်းများစွာဟာ ထူးဆန်းစွာ ပျောက်ဆုံးခဲ့ သလို ရေကန်နား ကိုရောက်ရှိ ချဉ်းကပ်လာတဲ့ ဂျပန်စစ်သား ဒါဇင်ပေါင်းများစွာလည်း ပျောက်ဆုံး သွားခဲ့ ဖူးတဲ့ သမိုင်းတွေရှိပါတယ်။

နောက်ပိုင်းမှာတော့ လူတွေ၊လေယာဉ်တွေ ၊ကားတွေ ဟာ ထိုရေကန်နားကို ရောက်တိုင်း ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပါတယ်။ ထိုကဲ့သို့ ပျောက်ဆုံးမှုတွေများလာတဲ့အခါ အမေရိကန်တွေဟာ ၎င်း ရေကန်ကို Lake of no return “ ပြန်လမ်း မရှိတဲ့ ရေကန်” ဆိုပြီး အမည်ပေးခဲ့ပါတယ်။ အိန္ဒိယလူမျိုးတွေကတော့ ထိုရေကန်ရှိတဲ့ဒေသကို အိန္ဒိယဘာမြူဒါဒေသလို့တောင် ခေါ်ဝေါ်ကြပါတယ်။ (ထိုစဉ်က မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ လက်အောက်ခံပြည်နယ်တစ်ခုအဖြစ်သာရှိသေးသောကြောင့် ယခုကဲ့သို့ခေါ်ဝေါ်ခြင်းဖြစ်သည်။) ထိုရေကန်ရှိတဲ့ တည်နေရာကတော့ မြန်မာနိင်ငံ မြောက်ဘက် အိန္ဒိယ နယ်စပ် စစ်ကိုင်းတိုင်း နန်းယွန်း မြို့နားမှာတည်ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာလည့် ခရီးသွားများ လာရောက် ကြည့်ရှုကြပါတယ်၊။ 

Source : သံဇဉ်မိုးဇတ် (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။