ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေဘက်တွင် အံံ့အားသင့်စရာဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်လေးကတော့ အမျိုးသားတစ်ဦးက ဖြတ်သန်းသွားလာနေတဲ့ အမျိုးသမီးတွေကို လိုက်လံဆွဲလားရမ်းလားလုပ်နေတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ထိုအမျိုးသားကတော့ အရက်ပဲအမူးလွန်နေတာလား ၊ ဆေးပဲကြောင်နေတာလားဆိုတာတော့ မသိရှိရသေးပါဘူး။

ထိုဖြစ်ရပ်လေးကတော့ ကမာရွတ်မြိုံနယ် အမှတ် (၈) ရပ်ကွက် ဒိုင်းမွန်းကွန်ဒိုမီနီယံရှေ့မှာ ညနေ ၆နာရီ ၄၅ မိနစ် အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေအား လိုက်လံဆွဲလားရမ်းလားလုပ်တဲ့ အမျိုးသားကတော့ ပုံမှာတွေ့ရတဲ့ အတိုင်း အောက်ခံဘောင်းဘီလေးသာ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ထိုအမျိုးသား ဘာ့ကြောင့် ဒီလိုလုပ်ရပ်တွေ ကျူးလွန်လဲဆိုတာတော့ မသိရသေးပါဘူး။

၎င်းဖြစ်ရပ်ဖြစ်ပေါ်နေစဉ် ထိုအမျိူးသားအား ဘေးပတ်ဝန်းကျင်မှ လူများကဝိုင်းဝန်းဖမ်းဆီးပြီး ကြိုးနဲ့ ချုပ်နှောင်ထားခဲ့ရတယ်လို့သိရပါတယ်။ ထို့နောက်မှာတော့ ကမာရွတ်နယ်မြေ မီးတန်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တဲ့အတွက် တိုင်ကြားပြီးပြီးချင်း မိနစ်၂၀ အတွင်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး ထိုအမျိုးသားကို လက်ထိပ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

source - ye yint htun