မင်းသမီးချော နန္ဒာကတော့ တစ်ချိန်ကအနုပညာ လောကမှာ ရှန်းရှန်းတောက် ကြော်ကြား ခဲ့သူတစ်ယောက် ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလောကမှ အနားယူခဲ့ပြီး ချစ်ရတဲ့မိသားစုနဲ့အတူ အလှူအတန်းတွေ များစွာပြုလုပ်လျက်ရှိပြီး ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။အလှူအတန်းရက်ရောတဲ့ နန္ဒာလှိုင် တို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေ သာဓုခေါ်ဖွယ် နောက်ထပ် အလှူကြီးတစ်ခု ပြုလုပ်ခဲ့ကြတာ ပဲဖြစ်ပါ တယ်။ 

ဇန်နဝါရီလ(၁၁)ရက် နေ့မနေ့ကမနက်ပိုင်းမှာတော့ ဝင်းစိန်ဆရာတော်ဘုရားကြီး ရုပ်ကလပ်အား သင်္ကန်းလဲ လှယ်ပူဇော်ပွဲ လေးမှာပါဝင်ကုသိုလ်ယူခဲ့ပြီး ငွေကျပ်သိန်းပေါင်းလေးထောင် ကျော်လှူဒါန်းခဲ့ တယ်လို့ သိရပါ တယ်။မိသားစုစုံစုံလင်လင် သွားရောက် လှူဒါန်းခဲ့ကြတာဖြစ်ပြီး တကယ်ကို လေးစားသာဓုခေါ်ဆိုဖွယ် အလှူ တော်ကြီးပဲဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့ ဝင်းစိန်ဆရာတော် ဘုရားကြီးပျံလွန်တော်မမူခင်ကတည်းက မိန့်ခဲ့တဲ့အတိုင်း ယခု သင်္ကန်းလဲလှယ်ပွဲလေးကို လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး မြင့်မြတ်လှတဲ့ အလှူကြီးကို ပါဝင် ကုသိုလ်ယူခွင့် ရခဲ့တာကြောင့် အရမ်းကိုကျေနပ်ပီတီ ဖြစ်နေပုံပါပဲ ပရိသတ်ကြီးရေ။  

နန္ဒာလှိုင်ရဲ့ လူမှုကွန်ယက်မှာလည်း သူတို့မိသား စုလေးလှူဒါန်းခဲ့တဲ့ ကုသိုလ်အဝဝကို ပရိသတ်တွေ သာဓု ဆိုခေါ်နိုင်ရန် မျှဝေထားတာပဲဖြစ်ပါတယ်။ အလှူအတန်း ကိစ္စတွေနဲ့ ပတ်သတ်လာရင် ပရိသတ်တွေ အမြဲ လေးစားအားကျနေတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးအတွက်တော့ ယခု နောက်ထပ်ချီးကျူးဖွယ် အလှူလေး တိုးခဲ့ပြီးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မိသားစုလေးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို လည်းချစ်ပရိ သတ်တွေ သာဓုခေါ်ဆို နိုင်စေရန် ကုသိုလ်မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - နန္ဒာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။