ဒီတစ်ခါတော့ အမျိုးသမီးတွေရော အမျိုးသားတွေအတွက်ပါ အသုံးဝင်မယ့် သဘာဝ နည်းလမ်းလေး အချို့ကို ပြန်လည်မျှဝေချင်ပါတယ်။ မျက်နှာလှလှလေးပေါ်မှာ အမဲစက်တွေရှိနေမယ်ဆိုရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရတာတော့ အမှန်ပါပဲ ။လုံးဝအရှင်းပျောက်ကင်းဖို့တော့ အချိန်တော်တော်လိုတာမို့ ဖြည်းဖြည်းချင်း လျော့ပါးသွားအောင် လုပ်ယူကြမယ်နော် ။

နည်းလမ်း (၁)

သံပယိုသီးကို အရည်ညှစ်ကာ စားပွဲတင်ဇွန်း (၂) ဇွန်းစာလောက် ယူပါ။

ပျားရည်ကိုလည်း စားပွဲတင်ဇွန်း (၂)ဇွန်းစာ ယူပါ။

ပြီးရင်တော့ ဒီ(၂)မျိုးကို ရောစပ်ပြီး မျက်နှာပေါ်နဲ့ အမဲစက်ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။

ပုံမှန်တရက်ခြား တခါလုပ်ပေးမယ်ဆိုရင်တော့ တလပြည့်တဲ့အခါမှာ အမဲစက်တွေ သိသိသာသာ လျော့ပါးကာ မှေးမှိန်သွားတာကို တွေ့ရမှာပါ။

နည်းလမ်း (၂)

သကြား လက်ဖက်စားဇွန်း (၁)ဇွန်းနဲ့ ကော်ဖီအမှုန့်အကြမ်းတို့ကို သမအောင်မွှေပါ။ ဒီထဲကို အုန်းဆီ လက်ဖက်စားဇွန်း (၁)ဇွန်း ထည့်ပြီး ရောစပ်ကာ မျက်နှာပြင်ပေါ်က အမည်းစက်တွေရှိတဲ့နေရာမှာ လိမ်းပေးဖို့လိုပါတယ်။

(၁၅)မိနစ်လောက်ထားပေးမယ်ဆိုရင်တော့ မျက်နှာကိုရေဆေးချလို့ရပါပြီ။ ဒီနည်းလမ်းလေးကိုလည်း တရက်ခြားတခါ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းလေးကတော့ အမဲစက်တွေကို လျော့ပါးကာ မှေးမှိန်စေမယ့်အပြင် မျက်နှာပေါ်က အညစ်အကြေးများကိုလည်း ကင်းစင်နိုင်ပါတယ်။

ယုံကြည်မှုရှိတဲ့ လှပမှုဖြင့် နေရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေ ။

Source – Mystyle Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။