ပရိသတ်တွေကို ဇာတ်ကားကောင်းလေးတွေနဲ့ တင်ဆက်ပေးနေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ လက်ရှိ အစိုးရကို အရမ်းသဘောကျတယ်လို့ ပြောလာပါတယ်..။

လက်ရှိအစိုးရကို ဘာကြောင့် သဘောကျရတယ်ဆိုတဲ့ အကြောင်းအရင်း အချက်အလက်အချို့ကိုလည်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပြထားပါသေးတယ်..။

အဲ့ဒီအကြောင်းကိုတော့ ယနေ့ ဇန်နဝါရီ(၁၂)ရက်နေ့မှာ ကြည်ဖြူသျှင်က သူမအသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ တစ်ဆင့် ရေးသား ပြောပြထားတာ တွေ့ရပါတယ်..။

“ လက်ရှိ "ဒီချုပ်" အစိုးရကိုအရမ်းကြိုက် တဲ့အချက်က...

(၁) ဝန်ကြီးချုပ်တွေ.. ဝန်ကြီးတွေ.. ပါတီမှာ တာဝန်ခံအဖြစ်တာဝန်ယူထား သူတွေ.. မိန်းမရှုပ်လို့ကတော့ ရာထူး/တာဝန် က နှုတ်ထွက်ပဲ..

(၂) လာဘ်စားရင်လည်းထွက်ရမယ်. . .

ကျန်းမာရေးမကောင်းလို့ တာဝန်မထမ်းဆောင် နိုင်ရင်လည်းထွက်ရမယ်.. အကြိုက်ဆုံးကတော့ "မိန်းမရှုပ်" လို့ တိုင်သူရှိရင ်နှုတ်ထွက်ရတာပဲ..

"ဒီချုပ်" က "ကတော်" တွေအတွက်ကတော့. . .

"ရှင်နော်.. ကျွန်မက လွဲရင် ကျန်တာ စိတ်မကူးနဲ့ ရာထူးပြုတ်သွားမယ်.. ဘာမှတ်လဲ. . . " ပေါ့

ကိုယ်ကြိုက်တာ. . .ကိုယ်ရေးသည် ကြည်ဖြူသျှင် ၁၂-၁-၂၀၁၈..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေကလည်း သူတို့ရဲ့ အမြင်တွေကိုလည်း Comment ပေး ရေးသားပြောပြထားကြတာ တွေ့ရပါတယ်..။

ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ ပရိသတ်တွေအတွက် သဘာဝကျကျနဲ့ ဇာတ်ကားကောင်းလေးတွေကို အမြဲ တင်ဆက်ပေးနေပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင် ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်..။

ဒါရိုက်တာကြည်ဖြူသျှင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး (၁၉၉၇)ခုနှစ်မှာ စတင်ပြီး ဗီဒီယို ဒါရိုက်တာအဖြစ်လုပ်ဆောင်ခဲ့ပြီး (၁၉၉၉)ခုနှစ်မှာတော့ ရုပ်ရှင်ဒါရိုက်တာ အဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကားဖြစ်တဲ့ “ဇာတိမြေ” ဇာတ်ကားကိုလည်း ဂျပန်၊ မြန်မာ နှစ်နိုင်ငံလုံးမှာ ကြိုးစား ရိုက်ကူးထားတာလည်း တွေ့ရပါတယ်..။

Source - ကြည်ဖြူသျှင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။