အဆိုဘက်ရော သရုပ်ဆောင်ဘက်ရော အောင်မြင်ကျော်ကြားတဲ့ နန်းဆုတစ်ယောက်ကတော့ ဒီနေ့မှာမြဝတီကို ပိုးထည်တိုက်ဖွင့်ပွဲတစ်ခုအတွက် ရောက်ရှိလို့နေပါတယ်ပရိတ်သတ်ကြီးရယ်။

နန်းဆုတစ်ယောက် နန်းဆန်သူပိုးထည်တိုက်ရဲ့ချိတ်ဝတ်စုံလေးနဲ့ အရမ်းကိုလှပကြော့ရှင်းနေပါတယ်။

နန်းဆုရဲ့ဝတ်စုံလေးကိုတော့ ဒီဇိုင်နာခင်မေကချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။

နန်းဆုရဲ့ ၂၀၁၈မှာတော့ သီချင်းဘက်က်ိုဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူမရဲ့သီချင်းသစ်တစ်ပုဒ်ကိုတော့ (၂)လပိုင်းထဲမှာ Onlineပေါ်မှာ စတင်ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

တစ်ကိုယ်တော် တေးစီးရီးခွေကိုတော့ သင်္ကြန်ပြီးလောက်ထွက်ရှိနိုင်အောင် စီစဉ်နေတယ်လို့လည်းသိရှိရပါတယ်။ ထိုသီချင်းခွေထဲမှာ သူမရဲ့ကျော်ကြားပြီးသားဖြစ်တဲ့ “ရူးလောက်အောင်ချစ်ရသူ”ဆိုတဲ့ သီချင်းကိုထည့်သွင်းသွားမှာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ သူမဟာBusiness School နဲ့ တစ်ခြားဘာသာစကားသင်တန်းတွေလည်း တက်ရောက်နေတယ်လို့သိရပါတယ်။

နန်းဆုက သူမကိုချစ်တဲ့ပရိတ်သတ်တွေအတွက် ခုလိုဘဲနှစ်သစ်ဆုမွန်ကောင်းလည်းတောင်းပေးထားပါသေးတယ်။ “ပရိတ်သတ်ကြီးအားလုံး နှစ်သစ်မှာစိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်ဧ။်ကျန်းမာခြင်းများနဲ့လည်း ပြည့်စုံကြပါစေ။ ကိုယ့်အပေါ်မှာအရူးထလောက်တဲ့ထိချစ်တဲ့ ချစ်သူမျိုးနဲ့လည်းဆုံဆည်းနိုင်ကြပါစေလို့” ဆုတောင်းပေးထားပါတယ်။ နန်းဆုတစ်ယောက်လည်း ရူးလောက်အောင်ချစ်တဲ့ချစ်သူနဲ့အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေ။ နန်းဆုရဲ့နောက်အသစ်ထွက်ရှိမယ့် သီချင်းတွေကိုလည်း ပရိတ်သတ်ကြီးတို့ စောင့်မျှော်အားပေးကြပါအုံးနော်။ 

source-Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။