MPT MNLအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲု့ကတဲ့ရခိုင်ယူနိုက်တက်

နဲ့စစ်ကိုင်းယူနိုက်တက်တို့ရဲ့ပွဲကတော့တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်း

နိုင်ပဲသရေကျခဲ့ပါတယ်။ဘောလုံးပွဲငတ်နေတာကြာပြီဖြစ်တဲ့

မုံရွာပရိသတ်တွေဟာလည်းသူတို့နေထိုင်ရာဒေသကို

ကိုယ်စားပြုတဲ့အသင်းသစ်စစ်ကိုင်းယူနိုက်တက်ကို

တစ်ခဲနက်အားပေးခဲ့ကြပါတယ်။လာရောက်အားပေးတဲ့

ပရိသတ်တွေအထူးများပြားခဲ့တယကြောင့်တစ်ချိန်ကအရမ်း

အောင်မြင်ခဲ့တဲ့MNLရဲ့ရနံ ့တစ်ချို ့ကိုပြန်ရလိုက်သလိုပါပဲ။

ရခိုင်ယူနိုက်တက်ဟာမနှစ်ကMNLမှယအဆင့်ငါးရပ်တည်

ခဲ့တဲ့အသင်းကောင်းတစ်သင်းပါ။ဒါပေမယ့်ဒီနှစ်ဘောလုံးရာသီမှာအသင်းရဲ့အဓိကကစားသမားတစ်ချို့ထွက်သွားလို့အနည်းငယ်အားနည်းနေခဲ့ပါတယ်။

စစ်ကိုင်းယူနိုက်တက်ဟာမနှစ်ကMNL-2မှာဒုတိယရပြီး

တန်းတက်ခဲ့တဲ့အသင်းပါ။တန်းတက်အသင်းဆိုပေမယ့်

ရွက်ပုန်းသီးအားကစားသမားကောင်းတွေအများကြီး

ပါဝင်တာမို့မနေ့ကပွဲဟာတကယ်ကိုအကြိတ်အနယ်ရှိခဲ့ပြီး

ပရိသတ်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။စစ်ကိုင်းအသင်း

ဟာသူတို့ရဲ့အိမ်ကွင်းဖွင့်ပွဲကိုအနိုင်နဲ့စဖွင့်ဖို့ကြံရွယ်ခဲ့ပေမယ့်

တိုက်စစ်ကစားသမားတွေရဲ့အဆုံးသတ်အားနည်းမှုတွေကြောင့်ဂိုးမရခဲ့ပါဘူး။

ရခိုင်အသင်းကတော့အပေါ်ကပြောခဲ့သလိုပဲအဓိကကစား

သမားတွေထွက်သွားလို့ဒီနှစ်မှာကစားပုံတော်တော်ကျသွားတာတွေ့ရပါတယ်။ပထမပိုင်းတစ်ပိုင်းလုံးစစ်ကိုင်းဘက်ဂိုး

ကန်သွင်းခွင့်တစ်ကြိမ်သာရရှိခဲ့ပါတယ်။စစ်ကိုင်းယူနိုက်တက်မှာဝါရင့်နောက်ခံလူမိုးဝင်းမပါဝင်ပေမယ့်

ရခိုင်ရှေ့တန်းလူတွေကိုအကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။စစ်ကိုင်းတို့အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့်စစ်ကိုင်းရှေ ့တန်းလူ

တွေဖြစ်တဲ့ဖရိုင်းဒေး၊ဆင်မြူရယ်၊ဇော်ဇင်ဦးတို့ရဲ့အပိုင်အလုံး

တွေကိုရခိုင်ဂိုးသမားစိုးအာကာအံသြဘနန်းကာကွယ်မှုတွေ

ပြုလုပ်သွားတာကြောင့်ဂိုးမရှိသရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။