ဟောလိ၀ုဒ်လောကရဲ့ ချစ်စရာအကောင်းဆုံးစုံတွဲအဖြစ် ပရိသတ်တွေသတ်မှတ်ထားသူထဲမှာ အဆိုတော် မိုင်လေဆိုင်းရပ်စ် တို့စုံတွဲလေးလည်း ပါ၀င်ပါတယ်။

စေ့စပ်ထားကြတဲ့ အဆိုတော်မိုင်လေး ဆိုင်းရပ် နဲ့ မင်းသားချော လီယမ်ဟန်းစ်ဝေါ့ တို့ စုံတွဲကို ဇန်နဝါရီလ(၁၁)ရက်နေ့က သြစတေးလျနိုင်ငံ ကွင်းစလန်းမြို့နားမှာ အတူတူတွေ့ခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ Liam ရဲ့ မွေးနေ့ပွဲကို သူငယ်ချင်းတွေနဲ့ လုပ်မှာဖြစ်တဲ့အတွက် သြစတေးလျ လမ်းမထက်မှာ အတူတူလမ်းလျှောက်ထွက်လာကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ဖက်ရှင်တွေက သာမန်ထသွားထလာ ပုံစံမျိုးလေးဆိုပေမယ့် မြင်ရသူအဖို့ စိတ်ကြည်နူးစရာကောင်းအောင် နှစ်ယောက်လုံး ရှေ့သွားနောက်လိုက်ညီနေတာဖြစ်ပါတယ်။

မိုင်လေရဲ့ ချစ်သူကောင်လေး Liam ရဲ့ မွေးနေ့ဟာ လာမယ့်ဇန်နဝါရီလ(၁၃)ရက်နေ့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့စုံတွဲဟာ ချစ်သူသက်တမ်းတွေ နှစ်ချီနေပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေက စေ့စပ်ထားတာဖြစ်ပါတယ်။ ပြတ်လိုက်ဆက်လိုက်နဲ့ နောက်ဆုံးမှာ စေ့စပ်ပြီး အချစ်ပိုနေကြတဲ့ စုံတွဲလေးမို့ ပရိသတ်တွေကတော့ သူတို့စုံတွဲရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို သဘောကျနေပါတယ်။

မုုိင်လေးဟာ ဂီတလမ်းကြောင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ခပ်ဟော့ဟော့ သီဆိုဖျော်ဖြေပုံတွေကြောင့်လည်း လက်ရှိမှာ ပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးမှုတွေရရှိထားတာပါ။ Liam ဟာ နာမည်ကြီး ဟောလိ၀ုဒ်မင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးထားပါတယ်။

Source - Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။