ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာမတံတားပေါ်ကနေ ဇန်နဝါရီ(၂)ရက်နေ့က အသက်၁၈နှစ်အရွယ် နီတရာဆဝပ်စ်ဒီဝမ်သည် ဖေ့စ်ဘုတ်ပေါ်မှတိုက်ရိုက်Liveလွင့်ပြီး မြစ်ထဲသို့ခုန်ချ သေကြောင်းကြံသွားခဲ့ပါတယ်။

တံတားပေါ်ကနေမခုန်ချမှီ သူမကိုနေရာရွေးချယ်ပေးဖို့ ကားသမား ပက်တရာဒါနိုင်ရဲ့ကားကို ဘတ်(၅၀၀)ပေးပြီးငှားရမ်းခဲ့တယ်လို့ ရဲတွေဆီဖြေကြားထားပါတယ်။

ကားသမား မစ္စတာပက်တရာဒါနိုင်က ဘာတွေဖြစ်နေသလဲဆိုတာကို သိသွားမှ ရုပ်သံရိုက်ကူးတာကို အဆုံးသတ်လိုက်ပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။အငှားကားမောင်းသမားကို ရဲတွေက မေးမြန်းနေပြီး နစ်တာယာ ဘာကြောင့် ဒီလိုသတ်သေသွားတယ် ဆိုတာတော့ ခုထိမသိရသေးပါဘူး။တံတားကိုသွားတဲ့လမ်းမှာလည်း အငှားကားပေါ် မစ္စနစ်တာယာငိုနေတဲ့ အသံကို ကြားတယ်လို့ ကားသမားက ရဲတွေကို ပြောပြီး မိန်းကလေးရဲ့ မိသားစုကိုလည်း အခင်းဖြစ်မှုနဲ့ပတ်သက်ပြီး အကြောင်းကြားခဲ့ကြပါတယ်။

ကားသမား မစ္စတာပက်တရာဒါနိုင်အနေနဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ လူတယောက်ကို ကူညီဖို့ ပျက်ကွက်မှုနဲ့ ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁ သောင်း ကျခံရဖွယ်ရှိတဲ့ အမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရဲအရာရှိတွေက ဘန်ကောက်ပို့စ်သတင်းဌာနကို ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

SOURCE-DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။