PSG အသင်းရဲ့ ကွင်းလယ်ကစားသမား ဘင်အာဖာ ဟာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ဘင်အာဖာ ဟာ PSG အသင်းနဲ့ စာချူပ်သက်တမ်း ယခုနှစ်ဘောလုံးရာသီကုန်ရင် ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ဘင်အာဖာဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် စာချူပ် သက်တမ်းကုန်ရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘင်အာဖာဟာ ကွင်းလယ်တိုက်စစ်နေရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။PSG အသင်းမှာတော့ ရာဘီယော့၊ ဗာရက်တီ ၊ လူးကပ်မော်ရာ အစရှိတဲ့ ကွင်းလယ်ကစားသမားတွေကြောင့် နေရာပျောက်နေရတာလည်းဖြစ်ပါတယ်။ခုလိုနေရာပျောက်လာခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ထိခိုက်လာခဲ့ရတာလည်းဖြစ်ပါတယ်။

ဘင်အာဖာ ဟာ မာဆေလ်း၊ နယူးကာဆယ်၊ နိုက်အသင်းတို့မှာ ကစားခဲ့ဖူးတာလည်းဖြစ်ပါတယ်။လက်ရှိမှာ PSG အသင်းနဲ့ ၃၂ ပွဲသာ ကစားခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။ဘင်အာဖာဟာ ၃၂ ပွဲကစားထားပြီးချိန်မှာ ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဘင်အာဖာ ထွက်ခွာခဲ့ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ 

source - latest in football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။