ဖိုက်ပါလာပြီး ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီအချိန် ရခိုင်ပြည်နယ်။ ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာတွင် မူလတန်းလွန် ကျောင်းသားများ လိုက်ပါလာတဲ့ ကူးတို့လှေတစ်စီးနစ်မြုပ် ခဲ့တဲ့တယ်လို့ သိရပါတယ်။အဆိုပါလှေတိမ်းမှောက်မှုကြောင့် ကျောင်းသူနှစ်ဦးနှင့် လှေသမားသေဆုံးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးထွန်းရွှေကပြောပါတယ်။ဖြစ်စဉ်မှာ ညနေ ၄ နာရီ ကျောင်းဆင်းအချိန် ငှက်ကြီးကျွန်းကျေးရွာမှ အင်ဇုံ ပြင်ကျေးရွာသို့ ကူးဖြတ်စဉ် တစ်ဖက်ကမ်းမရောက်မီ ပေ ၂၀ ခန့်အကွာတွင် လှေဝမ်းဗိုက်ပေါက် ကာ နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ 

လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့တဲ့ ကူးတို့သမားနှင့် ခြောက်တန်းကျောင်းသူအလောင်းတို့ကို အခင်းဖြစ်ပွားပြီးနောက် အချိန်ပိုင်းအတွင် ရှာတွေ့ခဲ့ပြီး ငါးတန်းကျောင်းသူတစ်ဦး ရုပ်အလောင်းကိုတော့ နေ့ ည (၁၀)နာရီကျော်မှ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။‘‘လှေမြုပ်တော့ ကူးတို့သည် ကို ကလေးတွေက အကုန်ဝိုင်း ဖက်လိုက်ကြတော့ ကူးတို့သည် က ရေမြုပ်ပြီး သေသွားတယ်။ ကျန်တဲ့ကျောင်းသားနှစ်ယောက် ကတော့ အသက်ရှင်တယ်’’လို့ ဦးထွန်းရွှေက ပြောပါတယ်။အင်ဇုံပြင်ကျေးရွာတွင် အိမ် ခြေ ၆၅ အိမ်ခန့်ရှိပြီး မူလတန်း ကျောင်းသာရှိကြောင်း၊ ငှက်ကြီး ကျွန်းကျေးရွာရှိ မူလတန်း (လွန်) ကျောင်းသို့ နေ့စဉ်ချောင်းကိုဖြတ် ၍ ကျောင်းတက်နေရသူ ငါးတန်း နှင့် ခြောက်တန်းကျောင်းသားရှစ် ဦးရှိကြောင်း ငှက်ကြီးကျွန်းကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှ က ပြောပါတယ်။ 

‘‘ပထဝီအနေအထားအရ ရခိုင်မှာ မြစ်ချောင်းတွေပေါတယ်။ ဒေသခံတွေ၊ ကျောင်းသားတွေ၊ မြစ်ချောင်းတွေကို ဖြတ်ပြီးသွား နေရတယ်။ ဒါကြောင့် မူလတန်း ကျောင်းတွေကို မူလွန်ကျောင်းအ ဖြစ်၊ မူလွန်ကျောင်းကို အလယ် တန်းကျောင်းအဖြစ် အဆင့်မြှင့် ပေးဖို့လိုပါတယ်။ ပြီးတော့ တစ် ရွာနဲ့တစ်ရွာကို တံတားတွေ တည် ဆောက်ပေးဖို့ အရေးတကြီးလို အပ်နေပါတယ်’’လို့ ၎င်းကပြောပါတယ်။၂၀၁၆ ဇွန်လ ၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်အ ထက်တန်းကျောင်းမှ ဂန့်ဂါကျေး ရွာသို့ ကျောင်းဆင်းလာတဲ့ ကူးတို့လှေတိမ်းမှောက်မှုကြောင့် ကျောင်းသားခုနစ်ဦး သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

၎င်းအချိန်မှစတင်ကာ ရခိုင်ပြည်နယ်စည် ပင်သာယာရေးဝန်ကြီးဌာနက ကူးတို့လှေလုပ်ကိုင်သူများကို အသက်ကယ် အကျႌထားရှိရန် ညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်။ ယင်းအချိန်က ကူးတို့လှေ လုပ်ကိုင်သူအချို့ကို လူမှုကူညီရေး လုပ်ကိုင် နေတဲ့အဖွဲ့အစည်းအချို့က အသက်ကယ် အကျႌများလှူဒါန်းခဲ့ တာပဲဖြစ်ပါတယ်။သို့သော်လည်း အချိန်ကြာလာ သည်နှင့် အမျှ ကူးတို့လှေ၊ မြစ် ကြောင်းသွား စက်လှေများတွင် အသက်ကယ်အကျႌထားရှိမှုမရှိ တော့ကြောင်း ပုဏ္ဏားကျွန်းမြို့ခံ စာရေးဆရာမ ဒေါ်ခိုင်နန်းစံက ပြောပါ်တယ်။ဖြစ်ခါမှတစ်ခါ သတိရ တယ်၊ အလေးထားတယ်ဆိုသလို ဖြစ်နေပြီ။ ကူးတို့လှေသမားတွေ ကလည်း စည်းကမ်းမလိုက်နာ၊ စီးနင်းလိုက်ပါသူတွေကလည်း အသက်ကယ်အကျႌဝတ်ရကောင်း မှန်းမသိဖြစ်နေတယ်။ လူတွေက ကံတရားနဲ့ပဲ သွားလာနေကြ တယ်။ ဉာဏ်နဲ့မဆင်ခြင်ကြဘူး’’ ဟု ၎င်းက ပြောပါတယ်။သေဆုံးသူကျောင်းသူနှစ်ဦး ရုပ်အလောင်းကို အင်ဇုံပြင်ကျေး ရွာတွင် ဇန်နဝါရီ ၁၀ ရက်က သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မောင်ကံ(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။