ပရိတ်သတ်အချစ်တော် မအေးသောင်းတစ်ယောက်ကတော့ လက်ထဲရောက်ရှိလာတဲ့ ဝတ္ထုဇာတ်ညွှန်းလေးတစ်ခုကြောင့် စိတ်ထဲမှာ ဒွိဟလေးတွေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူရိုက်ရမဲ့ ဇာတ်ကောင်ဇရိုက်ဟာ အခုလက်ရှိသူမရဲ့ ပံုံစံနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ဟော့ရှော့မမ ပုံစံလေး သရုပ်ဆောင်ရမှာဖြစ်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ မအေးသောင်းဟော့ရှော့လေးတွေ ဝတ်ပြီးသရုပ်ဆောင်ရင်ရော ပရိတ်သတ်ကြီးဆက်ချစ်နေဦးမယ်မလား။

မအေးသောင်းကတော့ သရုပ်ဆောင်ဆိုတာ ဆေးစက်ကျရာအရုပ်ထင်အောင်ကြီုးစားရမှာပဲလေ ၊ ရရှိလာတဲ့ အခွင့်အရေးလေးကိုလဲ အမိအရကြိုးစားပြချင်ပေမယ့် ပရိတ်သတ်တွေ အချစ်လျှော့သွားမှာကိုလဲ စိုးရိမ်နေရပြန်ပါတယ်။ ထိုဇတ်ကားလေးကတော့ ဇာတ်လမ်းလေးကလဲအရမ်းကောင်းမွန်ပြီး အမျိုးသမီးတွေရဲ့ ဘဝအကြောင်းလေတွေ၊ အမျိုးသမီးတွေ ဇွဲရှိရှိနဲ့ ကြိုးစားရုန်းကန်ပြီး အရှုံးမပေးတတ်တဲ့ အကြောင်းလေးတွေကို သဘာဝကျကျနဲ့ စိတ်ဓာတ်ခွန်အားလေးတွေ ဖြစ်ပေါ်လာအောင် နှိုးဆွပေးနိုင်မယ့် ဇာတ်ကားလေး တစ်ကားလို့လဲ မအေးသောင်းကပြောပြထားပါသေးတယ်။

မအေးသောင်းအနေနဲ့လဲ ခေတ်ဆန်ဆန်ဟော့ရှော့တွေ ဝတ်ရင် မထော်တနန်းတွေများဖြစ်နေမလား ၊ သူမကို မြန်မာဝတ်စုံလေးနဲ့ ပဲ မြင်တွေ့ချင်ကြတဲ့သူတွေကိုလဲ မျက်နှာပူစရာတွေဖြစ်သွားမလားဆိုပြီး စိုးရိမ်ပူပန်နေရပါတယ်။ သူမကတော့ ထိုဇာတ်ကားလေးရိုက်ဖြစ်ရင်တော့ အသိပေးပါမယ်လို့ပြောကြားထားပါတယ်။ မအေးသောင်းရဲ့ချစ်ပရိတ်သတ်ကြီးရေ မအေးသောင်းကို ထိုဇာတ်ကားလေး ရိုက်စေချင်ကြရဲ့လား။

source - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။