ကွမ်းယာတွေမှာ ထည့်စားလည့်ရှိတဲ့ လေးညှင်းပွင့်ကိုလူတို်င်းသိမှာပါနော်။လေးညှင်းပွင့်ကို ဟင်းလျာထဲ တွေလညး် ဟင်းခတ်အမွေးအကြိုင် အနေနဲ့ အသုံးပြုကြပါတယ်။ အနံစူးစူးရနံကိုပိုင်ဆိုင်ထားတဲ့ လေးညှင်း ပွင့်မှာ ထင်မှတ်မထားတဲ့ ဆေးအာနိသင်တွေပါဝင်နေပါတယ်နော်။ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ တွေပါဝင်မှုကြောင့် ကျန်းမာရေးအတွက်များစွား အထောက်အကူဖြစ်စေနိုင်ပါတယ်။လေးညှင်းပွင့်မှာယူဂျီနောအဆီပါဝင်မှုကြောင့် သွားကိုက်ခြင်း ၊ ကိုအ စွမ်းထက်ဆုံးပျေက်ကင်းနိုင်ပါတယ်။ သွားကိုက်နေရင်တော့ လေးညှင်းဆီကို ဂွမ်းလေးနဲ့ သွားကိုက်တဲ့ နေရာကို သိပ်ပေးပါ၊ ခံတွင်းထဲက ဘက်တီးရီးယားတွေကို တာဆီးနိုင်တဲ့ အစွမ်းရှိပါတယ်။ သွားဖုံးနာကျင် နေရင်လည်း အသုံးပြုနိုင်ပါတယ်နော်။

နောက်ထပ် ဖလေဗိုးနွိုက်ဓာတ်ပါဝင်မှုကြောင့် ရောင်ရမ်းမှု့ကိုလျော့ကျစေတဲ့ အာနိသင်ရှိပါတယ်နော်။ လေးညှင်းပွင့်အဆီ ကိုအအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နှာခေါင်းပိတ် ခြင်း၊ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။အရိုးဆစ်နာကျင်သူများ အတွက်လည်း အသုံးဝင်ပါတယ်။ လေးညှင်းဆီက အရေပြား၊ပြတ်ရှခြင်း၊ မီးလောင်ဒဏ်ရာ၊ ဝဲစွဲခြင်း၊ တို့ အတွက်များစွာအသုံဝင်ပါတယ်။ ပြီးတော့ ကြွက်သားတောင့်တင်းမှုတွေကိုလည်း သက်သာတဲ့အစွမ်းလည်း ရှိပါတယ်နော်။ ပွန်းပဲ့ဒဏ်ရာတွေ ကိုလိမ်းပေးပါက စပ်ဖျဉ်းဖျဉ်းတော့ ခံစားရမှာပါနော်။ လေးညှင်းပွင့် ကအစာခြေစနစ်ကို ထိထိရောက်ရောက်ကာကွယ်ပေးပါတယ်၊ အစာခြေစနစ်နဲ့ပတ်သက်တဲ့ ကင်ဆာဖြစ် ပွားမှုကို ကာကွယ်ပေးပါတယ်။ ဝမ်းဗိုက်နှင့် ပတ်သက်တဲ့ ပြသနာတွေကို သက်သာစေပါတယ်။ အဆုတ် ကင်ဆာ ၊ အရေပြားကင်ဆာတွေအတွက်လည်း ထိရောက်စွာကာကွယ်ပေးပါတယ်။

လေးညှင်းပွင့်၊ဆီတွေဟာ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပါတယ်။ ကာလဝမ်းရောဂါ ၊ငှက်ဖျား၊ စတဲ့ဝေဒနာတွေအတွက် အထူးကောင်းမွန်တဲ့ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ နောက်တစ်ခုက ခြင် ကိုနှိမ်နှင်းတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်နော်။ တစ်ချို့ကတော့ ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးကင်းစ ကလေးတွေအတွက် အသုံးပြုကြတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲလိုသုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင် ပြီးမှသုံးသင့်ပါတယ်နော်။ အားလုံးပဲ စျေးမကြီးပဲ ဆေးစွမ်းတစ်လက်အကြောင်းကို တင်ပြလိုက်ရပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

Source : Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။