ပရိသတ်များရဲ့ အချစ်တော် မင်းသားချောမင်းသွေးကတော့ ယနေလေးတင်ပဲ ပရိသတ်များအတွက် စာတစ်ဆောင်ပါးခဲ့ပါတယ်။ ပရိသတ်များက မင်းသွေးကိုချစ်သလို သရုပ်ဆောင်မင်းသား မင်းသွေးကလည်း ပရိသတ်များကို ချစ်ကြောင်း စာလွှာပါးခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသွေးချစ်ပရိသတ်များအတွက် မင်းသွေးရဲ့ စာသားလေးကတော့...

"အားလုံးသော ပရိတ်သတ်များကို သတိရခြင်းများစွာဖြင့် စာရေးလိုက်ပါတယ် . . . . . . ပရိတ်သတ်တွေကို သတိတွေရခြင်းနှင့်အတူ အလုပ်တွေကြိုးစားလုပ်နေပါတယ်။ တစ်ခါတစ်ခါ ပျောက်ပျောက်သွားရင် မင်းသွေး ဘယ်ပျောက်နေတာလဲ သတိတရမေးတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် မောင်မင်းသွေး ပရိတ်သတ်အတွက် အမြဲကြိုးစားနေပါတယ်လို့ ပြောရင်း ဒီစာကို ပေးလိုက်ပါတယ် . . . . . . . " အစဉ်အမြဲကြိုးစားလျက် မင်းသွေး ဟူ၍ရေးသားခဲ့တာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီးကို တယူတရရေးသားပေးပို့ခဲ့တဲ့ စာလွှာလေးပဲဖြစ်ပါတယ်။ မင်းသွေးချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင်မင်းသားချောမင်းသွေး ကတော့ အမြဲတယူတရရှိကြောင်း သတိရလျက်ရှိကြောင်း သိသာပေါ်လွင်စေပါတယ်။ ပရိသတ်များအတွက် မင်းသွေးရဲ့ စာလွှာလေးနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Source - Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။