ပရိသတ်အချစ်တော် မင်းသမီးနှစ်လက်ဖြစ်တဲ့ နန်းစုရတီစိုး နဲ့ မယ်လိုဒီ တို့နှစ်ဦးကတော့ မြဝတီမြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး လှပတဲ့ သရုပ်ဆောင် မင်းသမီးတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးဟာ အတူဆုံတုန်းမှာ အမှတ်တရဆက်ဖီပုံလေးကို ဆန်းဆန်းပြားပြားလေးရိုက်ခဲ့ပါတယ်။

အဲ့ဒါကတော့ သွားတိုက်နေတဲ့ Gfatt ရဲ့ ပုံတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး

“ကိုယ်တွေလည်းခေတ်မှီသွားအောင်

#trendingpose

ဟိုအစ်ကိုကြီးကိုဂုဏ်ပြုသောအားဖြင့် သွားတိုက်ကြသည်” ဆိုပြီး ရေးသားကာ ပျော်စေပျက်စေသဘောနဲ့ နန်းစုက တင်ထားတာဖြစ်ပါတယ်။ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ 

နန်းစု နဲ့ မယ်လိုဒီ က ခေတ်မှီအောင်ဆိုပြီး သွားတိုက်တဲ့ပုံလေးကို ပို့စ်ပေးထားတာဖြစ်ပါတယ်။

လက်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေဆဲဖြစ်တဲ့ Gfatt ရဲ့ ငယ်ဘဝက သွားတိုက်နေတဲ့ ပုံရိပ်တွေဟာ အနုပညာရှင်အသိုင်းဝိုင်းထဲမှာပါ အချင်းချင်းစနောက်တဲ့အထိ ဟိုးလေးတစ်ကျော်ဖြစ်နေတာပါ။

အဲ့ဒီ ပုံတွေ Troll ခံရတာနဲ့ ပတ်သက်ပြီး Gfatt က စိတ်ဆိုးခြင်းမရှိတဲ့အပြင် သူကိုယ်တိုင်လည်း ပြန်လည်စနောက်ရေးသားလေ့ရှိတာကိုတွေ့ရပါတယ်။

မကြာသေးမီကလည်း နန်းစုရဲ့ ပုံအောက်မှာ Gfatt က ကွန့်မန့်ဝင်ပေးရင်း တစ်ယောက်နဲ့ တစ်ယောက် သွားတိုက်တဲ့ကိစ္စကိုပဲ နောက်ပြောင်ထားကြတာပါ။  

Source : Nansuyatisoe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။