မြန်မာအိုင်ဒေါ season 2 မှာ ပရိသတ်များစွာကြိုက်နှစ်သက်ခဲ့တဲ့ အဆိုတော်ရဲနောင်ဟာ လူကြမ်းသရုပ်ဆောင်တွေကို စာနာသောစိတ်ဖြင့်ရည်ရွှယ်ပြီး သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ဒီသီချင်းဟာ ဗီလိန်သရုပ်ဆောင်တွေကို ကိုယ်စားပြုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီသီချင်းမှာတော့ လူကြမ်းတွေရဲ့ ခက်ခက်ခဲခဲဖြတ်သန်းရတဲ့ဘဝကို ဖော်ကျူးထားတဲ့ MTV သီချင်းဇာတ်လမ်းလေးဖြစ်ပါတယ်။

ရိုက်ကွင်းမှာလည်း အပြစ်ပယ်ခံဖြစ်ခါ အပြင်လူလောကမှာလည်း အနှိမ်ခံဖြစ်ရတဲ့ ဗီလိန်သရုပ်ဆောင်တွေ၊လူကြမ်းကြီးတွေရဲ့ဘဝကို မီးမောင်းထိုးပြတဲ့ MTV သီချင်းလေးဖြစ်ပြီး ဘယ်အဆိုတော်မှမဆိုဖူးသေးတဲ့ လူကြမ်းသရုပ်ဆောင်တွေကို စာနာပေးတဲ့ပထမဦးဆုံးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

သနားစရာကောင်းတဲ့ ဗီဒီယိုလေးဟာ လူကြိုက်များလျှက်ရှိနေတာလည်းဖြစ်ပါတယ်။ဒီသီချင်းလေးကို Ye Naung ရဲ့ဖေစ်ဘုတ်အကောင့်မှာ ဒေါင်းလောဒ့် လင့်ပေးထားပါတယ်။

source - myanmar cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။