ချဲလ်ဆီးအသင်းနည်းပြ ကွန်တီဟာ ယခုနှစ်ရာသီကုန်ရင် ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ကွန်တီဟာ အသင်းနဲ့ စာချူပ်သက်တမ်း ကျန်ရှိနေသေးမဲ့ အသင်းနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ချဲလ်ဆီးအသင်းနဲ့လမ်းခွဲခဲ့ရင် PSG အသင်း ရဲ့ နည်းပြရာထူးကိုရယူသွားဖို့ရှိနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြရာထူးကိုလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ကွန်တီထွက်ခွာခဲ့ရင် အစားထိုးဖို့ နည်းပြ အချို့ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းနည်းပြ ရာထူးအတွက် လက်ရှိမှာ ရေပန်းအစားဆုံး ကတော့ ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီနဲ့ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်တို့ ပဲဖြစ်ပါတယ်။ဒါ့အပြင် တခြားနည်းပြတွေဖြစ်တဲ့ နာပိုလီအသင်းနည်းပြ ဆာရီ၊ အက်သလက်တီကို အသင်းရဲ့ နည်းပြ ဆီမြွန်နီ တို့လည်းပါဝင်နေတာဖြစ်ပါတယ်။ 

ဆီမြွန်နီကတော့ အက်သလက်တီကိုအသင်းမှာပဲ ဆက်လက်ရှိနေဖို့များတာကြောင့် ချဲလ်ဆီးနည်းပြဖြစ်ဖို့ ရာခိုင်နူန်းနည်းနေတာလည်းဖြစ်ပါတယ်။ကွန်တီဟာ ချဲလ်ဆီးအသင်းရဲ့အပြောင်းအရွှေ့ပေါ်လစီကို မကျေနပ်တာကြောင့် ခုလိုထွက်ခွာဖို့ သတင်းတွေ ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ကွန်တီ တကယ်ပဲ ထွက်ခွာသွားမှာလားဆိုတာတော့ ရာသီကုန်ထိစောင့်ကြည့်သွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

source - skynet sports channal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။