ချစ်စရာမော်ဒယ်ကောင်လေး ပိုင်တံခွန်ကတော့ သူ့ရဲ့ဖေ့ဘွတ် အကောင့်ကနေပြီးတော့ ပရိတ်သတ်တွေအတွက် ကြည်နူးစရာ ဓာတ်ပုံလေးတွေကို တင်ဆက်ပေးခဲ့ပါတယ်။ ရယ်လိုက်တိုင်းအသက်ပါလှတဲ့ အပြုံးလေးတွေ နဲ့ ချစ်စရာကောင်းနေတဲ့ ပိုင်တံခွန်နဲ့ ကိုရီယားမင်းသမီးလေးသဖွယ် ချိုသာတဲ့မျက်နှာလေးနဲ့ လှပလှတဲ့ နော်ဖောအယ်ထားရဲ့ပုံရိပ်လေးတွေက ပရိတ်သတ်တွေအတွက်ကြည်နူးစရာပုံရိပ်လေးတွေဖြစ်မယ်လို့ထင်ပါတယ်။

စကားပြောလိုက်တိုင်း စကားသံဝဲ၀ဲလေးနဲ့ ပြောတတ်ပြီး ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်လေးကြောင့် ပရိတ်သတ်တွေ စွဲလမ်းနေရတဲ့ ပိုင်တံခွန်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ များစွာလုပ်ကိုင်နေပြီး အားလပ်ချိန်မှာတော့ ခရီးတွေ ထွက်ပြီးအနားယူရတာကိုကြိုက်နှစ်သက်ရတဲ့သူတယောက်ဖြစ်ပါတယ်။စတိုင်ခပ်မိုက်မိုက်လေးတွေနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ရင်အုံပေါ်ကတက်တူးလေးတွေကလဲ ပရိတ်သတ်တွေအကြိုက်တွေ့စေတဲ့အရာလေးတွေဖြစ်မယ်လို့ထင်ပါတယ်။

၎င်းဓာတ်ပုံလေးတွေထဲမှာ ပုံစံတစ်မျိုးနဲ့ချစ်စရာကောင်းနေတဲ့ နော်ဖောအယ်ထား ကတော့ လက်ရှိမှာ photo model အဖြစ် အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေရင်း အခွင့်အခါသင့်ရင်သင့်သလို ကြော်ငြာလေးတွေပါရိုက်ကူူးနေတာပဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ နိုင်ငံခြားမှာ ပညာတွေကို ကျိုးစားသင်ယူနေတဲ့ မော်ဒယ်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ Myanmarload ပရိတ်သတ်ကြီးအတွက် ပိုင်တံခွန်နဲ့ နော်ဖောအယ်ထားတို့ရဲ့ ကြည်နူးစရာကောင်းလှတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

source - Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။