သရုပ်ဆောင် မင်းသား ရဲတိုက်ကတော့ သူ့ရဲ့ ပထမဆုံး ဇာတ်ကားနဲ့အတူ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်..။

မင်းသားရဲတိုက်ရဲ့ ဇာတ်ကားလေးတွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းလေး တစ်ခုပါပဲ..

သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလေးကိုတော့ မင်းသမီးချောလေး အိချောပိုနဲ့ အတူ ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပြီး ဇန်နဝါရီ(၁၃)ရက်နေ့မှာပဲ စတင်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “မှန်” ဇာတ်ကားကိုတော့ စာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ မဟုတ်ဘဲ BO BO FILM Production က ထုတ်လုပ်ရိုက်ကူးမှာ ဖြစ်ပြီး ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးမှာ ဖြစ်ပါတယ်..။

သရုပ်ဆောင်တွေအနေနဲ့ကတော့ ရဲတိုက်၊ အိချောပို၊ ထူးသာ၊ ဒေါင်းေ၀ နဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်..။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကတော့ အနုပညာလှုပ်ရှားမှုတွေနဲ့ လေးနှစ်တာ ကွာဝေးပြီးမှ ပထမဆုံး ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်..။

သရုပ်ဆောင် မင်းသား ရဲတိုက်ကတော့ BO BO FILM Production နဲ့ ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် စာချုပ် ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်..။

ရဲတိုက်ကတော့ မကြာခင်ကလည်း ခရီးတွေ ဆက်တိုက်သွားနေခဲ့ပြီး အခုတစ်ခါမှာတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်..။

သူ့ရဲ့ ပထမဆုံး ဇာတ်ကားမှာ ဘယ်လိုဇာတ်အိမ်ဇာတ်လမ်း၊ ဘယ်လိုကာရိုက်တာမျိုးတွေနဲ့ မြင်တွေ့ရမလဲဆိုတာတော့ ပရိသတ်တွေ စောင့်မျှော်နေကြပါတယ်..။

Source - သားညီ fb

Photo - ရဲတိုက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။