ပျားရည်ကိုလူတိုင်း သိပါတယ်နော်။ပျားရည်က အစားသောက်တွေမှာသာမက ဆေးဖက်ဝင်တဲ့ သဘာဝ ဆေးရည်ဆိုလည်းမမှားပါဘူးနော်။ သမိုင်းအရကြည့်ရလျင် ပျားရည်ရဲ့သက်တမ်းက နှစ်ပေါင်း ၂၀၀၀ ကျော် ခဲ့ပါပြီး၊ ဟိုရှေးခေတ်ကတည်းက လူတွေအတွက် ဆေးဖော်စပ်ရာတွင် အသုံးပြုခဲ့တာ ယနေ့ထိတိုင်ပါပဲနော်။ ပျားရည်ကို ဆေးအတွက်တောင်မက အလှပရေးရာအတွက်ပါအသုံးပြုနိုင်ပါတယ်နော်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်နေတယ်လို့ ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ပျားရည်က ယေဘုယျအားဖြင့် ပျားအုံမှraw honey လို့ခေါ်တဲ့တိုက်ရိုက်ရတဲ့ပျားရည်ကြမ်းနှင့် အပြင်မှာလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်တဲ့ ပျားရည်ဆိုပြီး ရှိပါတယ်။ ဒါပေမဲ့ ပျားအုံးမှ တိုက်ရိုက်ယူူလာတဲ့ ပျားရည်က အပြင်မွေး မြူရေးကရတဲ့ပျားရည်ထက် ပိုအစွမ်းထက်ပါတယ်။ ပျားရည်အုံမှတိုက်ရိုက်ယူလာတဲ့ ပျားရည်ကျတော့ ဘက်တီးရီးယားတွေ ကပ်ပါလာမှာကြောင့် တစ်နှစ်အောက်ကလေးတွေကို လုံးဝမတိုက်သင့်ပါဘူးနော်။

ပျားရည်မှာ သကြားဓတ်က ၆၀ ရာခိုင်နှုန်းပါဝင်ပြီး၊ ဗိုက်တာမင်၊ သတ္တုဓတ်၊ စတဲ့ဒြပ်ပေါင်းတွေ ပါဝင်နေ ပါတယ်။ အရေပြားအတွက် အနာဖြစ်တဲ့နေရာကို ဆေးအဖြစ်ပျားရည်ထဲပေးပါက အနာကျက်မြန်စေပါ တယ်။ ပျားရည်တွင်ပါဝင်တဲ့ glucose ကအစာလမ်းကြောင်းမှအစာများကို စုပ်ယူမှုမြန်စေသောကြောင့် လန်းဆန်းစေပါတယ်။ fructose ကစုပ်ယူမှု နှေးသောကြောင့် သွေးအတွင်းသကြားဓာတ်ကို ပုံမှန်ထောက် ပံ့ပေးပါတယ်။ မနက်အိပ်ယာထချင်း လမ်းမလျောက်ခင် ပျားရည်တစ်ဇွန်လောက်သောက်ပေးပါက ကိုယ် အလေးချိန်ထိန်းပေးသည့်အပြင် သွေးတွင်းသကြားဓာတ်မတက်အောင်လည်း ကာကွယ်ပေးပါတယ်။ ကလေးလူကြီး ချောင်းဆိုးပျေက်ဆေးအနေနဲ့အသုံးပြုနိုင်ပါတယ်။ အာသီးရောင်ခြင်းအတွက် ရေတစ်ခွက် တွင်ပျားရည်နှစ်ဇွန်း ၊ သံပုရာ လေးဇွန်းနှင့် ဆားတစ်ဇွန်း ထည့်ပြီး ရေနွေးဖြင့် ပလုပ်ကျင်းပေးပါက လည်းချေ ာင်းနာခြင်း၊ အာသီးရောင်ခြင်းအတွက် သက်သာစေနိုင်ပါတယ်။

ဝမ်းပျက်ဝမ်လျောရောဂါကို ကာကွယ်ပေးပါတယ်။ အစာအိမ်အတွက်အသုံးပြုနိုင်ပါတယ်။အူမကြီးကင်ဆာ အတွက်ကာကွယ်ပေးပါတယ်။ ပျားရည်ကို တစ်နေ့တစ်ဇွန်းသောက််ခြင်းဖြင့် အသားအရေလှခြင်း၊ ဆံပင် လှခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်း၊ ကိုယ်အလေးချိန်ကို ထိမ်းသိမ်းခြင်းများအတွက် အားကိုထိုက်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ အရက်မှုးသမားများအတွက် သံပုရာရည်ဖြင့် ရောသောက်ပါက အမှုးပြေ စေပါတယ်။ အိပ်မပျော်တဲ့ သူတွေအတွက် နွားနို့ပူပူတစ်ခွက်ထဲပျားရည် ၂ ဇွန်းထည့်သောက်ပါက အိပ် ပျော်စားဝင်စေပါတယ်။ဘက်တီးရီးယားပါဝင်တဲ့ ပျားရည်ကိုသောက်မိပါက အထက်လန်အောက်လျှော ဖြစ်ပြီး သတိလစ်ခြင်း ၊တက်ခြင်းတို့ဖြစ်နိုင်သောကြောင့် သတိပြုစေချင်ပါတယ်နော်။ အားလုံးကျန်းမာ ကြပါစေ။

Source : ပျားမွေးမြူးရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။