ဇွဲကပင်ယူနိုက်တက်ဟာဒီနေ့ညနေမှာမြန်မာနေရှင်လိဂ်ရဲ့လက်ရှိချန်ပီယံရှမ်းအသင်းနဲ့ရင်ဆိုင်ရမှာပါ။ရှမ်းအသင်းဟာ

နေရှသ်နယ်လိဂ်ချန်ပီယံဖြစ်တဲ့အပြင်အင်အားတောင့်တင်း

တဲ့အသင်းတစ်သင်းဖြစ်ပေမယ့်ရှမ်းဆီကအမှတ်ခွဲယူနိုင်အောင်

ကြိုးစားမယ်လို့ဇွဲကပင်နည်းပြချုပ်သစ်ဦးမင်းထွန်းလင်း

ကပြောပါတယ်။ဇွဲကပင်အသင်းဟာရာသီကြိုပြင်ဆင်မှု

တွေကိုအရှိန်အဟုန်ကောင်းကောင်းနဲ့ပြင်ဆင်ထားပြီး

လိုက်ဘေးရီးယားကွင်းလယ်လူဆာကေး၊ပေါ်တူဂီတိုက်စစ်မှူး

ပေါ်လိုနဲ့နောက်ခံလူဝက်ဒ်တို့ကိုခေါ်ယူထားပြီးပေါ်လိုကတော့

စောင့်ကြည့်ရမယ့်ကစားသမားပါ။

နိုင်ငံခြားသားပလေယာတွေကိုခေါ်ယူထားတဲ့အပြင်အရင်နှစ်ကကစားသမားဟောင်းဖြစ်တဲ့ဂျပန်ကစားသမားကမ်ကိုလည်း

ခေါ်ယူထားတာတွေ့ရပါတယ်။ဒါ့အပြင်စီတီးရန်ကုန်၊GFAစတဲ့

အသင်းတွေကပြည်တွင်းကစားသမားကောင်းတွေကိုခေါ်ယူထားပါတယ်။ရာသီကြိုခြေစမ်းပွဲမှာလည်းရတနာပုံကိုတောင်

အနိုင်ကစားထားခဲ့တာပါ။ဒါပေမယ့်ဇွဲကပင်ရင်ဆိုင်ရမယ့်

တစ်ဖက်အသင်းကရှမ်းဖြစ်တာကြောင့်ဇွဲကပင်အဖွင့်ပွဲမှာ

ပွဲကျပ်တစ်ပွဲရင်ဆိုင်သွားရတာပါ။ရှမ်းအသင်းမှာလည်းအသစ်ခေါ်ယူထားတဲတိုက်စစ်မှူး

ပက်ထရစ်ခြေစွမ်းပြနေပါတယ်။

ချာရတီဒိုင်းမှာရန်ကုန်ကိုပယ်နယ်တီနဲ့ရှုံးခဲ့ရပေမယ့်ဘယ်အပိုင်းမှာမှရန်ကုန်ထက်အားမနည်းခဲ့ပါဘူး။တစ်ခုရှိတာကရှမ်းဟာ

ဇွဲကပင်နဲ့ကစားပြီးရင်ဖိလစ်ပိုင်ကလပ်ဆီးရပ်နဲ့အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကန်ဖို့ရှိနေတာပါပဲ။နည်းပြဦးစိုးမြတ်မင်း

အနေနဲ့ဆီးရပ်နဲ့ပွဲအတွက်ကစားကွက်နည်းဗျူဟာတွေကို

ဇွဲကပင်နဲ့ပွဲမှာစမ်းသပ်လာနိုင်ပါတယ်။ဇွဲကပင်နည်းပြ

ဦးမင်းထွန်းလင်းပြောသလိုဇွဲကပင်ကရှမ်းဆီကအမှတ်ခွဲယူနိုင်မလားရှမ်းကပဲရာသီအဖွင့်ကိုနိုင်ပွဲနဲ့လှပစွာဖွင့်လှစ်သွား

မလားဆိုတာတော့ဒီနေ့ညနေလေးနာရီမှာစောင့်ကြည့်ကြရအောင်ပါ...

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။