ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် ကမ္ဘာ့အကြီးဆုံးစာရင်း ဝင်ထားတဲ့ ကျွန်းတစ်ခုအကြောင်းကို ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်တယ်နော်။ ဒီအကြီးမားဆုံးကျွန်းရဲ့ အမည်ကတော့ ဂရင်းလန်း(Green Land) လို့ခေါ်ပါတယ်။ ထိုဂရင်းလန်းကျွန်းဟာ မြောက်အတ္တလန္တိတ်သမုဒ္ဓရာနှင့် အာတိတ်သမုဒ္ဓရာကြားတွင်တည်ရှိပြီး ကျွန်းရဲ့ဧရိယာအများစုဟာ အာတိတ်စက်ဝိုင်းအတွင်းမှာပဲ တည်ရှိပါတယ်။ 

အလွန်အေးသောဒေသဖြစ်ပြီး နွေရာသီ တိုတောင်းကာ တောင်ဖက်ဒေသများတွင်သာ နွေရာသီ၌ အပူချိန် ၉° C ခန့်သာရရှိသည် ။လူဦးရေ - ၅ သောင်း ( ၂၀၁၆ -စာရင်း ) ခန့် သာရှိပြီးအများစုသည် အနောက်တောင်ဖက် ကမ်းခြေဒေသများတွင်နေထိုင်ကြသည်။ ဤဒေသတွင် အအေးပိုင်း တိရိစ္ဆာန်များ ဖြစ်သည့် သမင်များ ၊ မြေခွေးများ ၊ ဝက်ဝံများ ပေါများရှင်သန်ပြီး ၊ ကမ်းခြေတလျှောက်တွင် ဝေလငါး နှင့် ပင်လယ်ဖျံ များ နေထိုင် ကျက်စား လျှက်ရှိသည် ။ ကျွန်းဧရိယာ၏ ၁% သာစိုက်ပျိုးနိင်ပြီးမွေးမြူရေး ၊သတ္တုတူးဖေါ ်ရေး နှင့် ငါးဖမ်းလုပ်ငန်းမှာ ဒေသ၏ အဓိက စီးပွားရေးများဖြစ်သည် ။ ဤ ဒေသတွင်ရေခဲပြင်သွားစွပ်ဖားများကို အမဲလိုက်ရန်နှင့်ကုန်ပစ္စည်းတင်ဆောင်ရန် အသုံးပြုကြသည် ။

ဤ ကျွန်း၏ရာသီဥတုအပြောင်းအလဲသည် ဥရောပဒေသနှင့်မြောက်အမေရိကဒေသ၏ ရာသီဥတုအပေါ်များစွာသက်ရောက်မှု ရှိသည်ဟုဆိုသည် ။ ယခုအခါ ကမ ္ဘာကြီးပူနွေးလာမှုကြောင့် အလာစကာ ၊ ကနေဒါ နှင့် Greenland ဒေ သမှ ရေခဲတုံးများအရည်ပျော်ပြီးကမ္ဘာ့ရေမျက်နှာပြင် အစဉ်မြင့်တက်နေသည်ဟုဆိုသည် ။ယနေ့အချိန်တွင် Green land ကျွန်းသည် ဒိန်းမတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး မြို့တော် နှင့် အကြီးဆုံးမြို့မှာ Nuuk ဖြစ်သည် 

Source : Pyi Myanmar (Facebook)