အင်္ဂလန်ဂိုးသမားဂျိုးဟတ်ဟာ စက်တင်ဘာလက မန်စီးတီးအသင်းမှ စီးရီးအေအသင်းသို့ အငှားသွားရောက်ကစားနေပါတယ်။ ဂျိုးဟတ်ဟာ တိုရီနိုအသင်းမှာ အဆင်ပြေနေပြီး ဘာသာစကားအသစ်တခုလည်း သင်ယူနေတယ်လို့ သိရပါတယ်။ ရာသီအကုန်မှာ ဘယ်အသင်းမှာ ရှိနေမယ်မှန်းမသိပေမယ့် မန်စီးတီးမှာတော့ မကစားတော့ဘူးလို့ ဂျိုးဟတ်က ပြောဆိုထားပါတယ်။ အင်္ဂလန်ကိုလည်း နိုင်ငံတကာပွဲစဉ်ရှိမှသာလျှင် သွားရောက်ဖြစ်ကြောင်းပြောပါတယ်။

ဂျိုးဟတ်သည် စီးရီးအေသမိုင်း တစ်လျှောက်တွင် ပထမဆုံးသော အင်္ဂလန်ဂိုးသမား အဖြစ် မှတ်တမ်းဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဂျိုးဟတ်ဟာ ယခုနှစ်ရာသီတွင် တိုရီနိုအသင်းအတွက် ၁၂ ပွဲ ကစားပေးထားပြီး ရှူံးပွဲ နှစ်ပွဲသာရှိတာကြောင့် အကောင်းဆုံး လက်စွမ်းပြထားတယ်လို့ ဆိုရမှာပါ။

" တိုရီနိုအသင်းကို ပြောင်းရွေ့ရလို့ ပျော်ရွှင်ပါတယ်။ ပတ်ဝန်းကျင်အသစ်မှာ လူတွေ အားလုံးကလည်ကျွန်တော့ အပေါ်ကောင်းမွန်စွာဆက်ဆံကြပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ဒီအသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားသွားဖို့ ဆုံးဖြတ်ထားပါတယ်။ လာမဲ့ ဘောလုံးရာသီမှာတော့ ကျွန်တော် ဘယ်အသင်းရဲ့ ကစားသမား ဖြစ်မလဲ ဆိုတာတော့ မသိသေးပါဘူး။ အခုတော့ တိုရီနိုမှာ ကျွန်တော် ပျော်ရွှင်နေပါတယ် "

ဟူ ဂျိုးဟက်က ပြောဆိုထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။