Fifth Harmony ရဲ့ အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ အဆိုတော်မလေး Camila Cabello ဟာ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ထွက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

ဟောလိ၀ုဒ်မှာ လူကြိုက်များရုံသာမက ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ မိန်းကလေးအဆိုတော်အဖွဲ့ Fifth Harmony ကနေ နှုတ်ထွက်ထားသူဖြစ်ပါတယ်။

အသက်(၂၀)အရွယ် ကမ်မီလာဟာ အဖွဲ့က ထွက်ပြီးနောက်Havana သီချင်းလေးနဲ့ Youtube မှာ နားထောင်သူပရိသတ်များစွာရှိခဲ့ပြီး သူမရဲ့ အမိုက်စား သီချင်းသီဆိုမှုဟန်ပန်တွေကလည်း ဆန်းသစ်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အဖွဲ့ကထွက်ပေမယ့် ပရိသတ်မလျော့သွားတဲ့ သူမဟာ ဇန်နဝါရီလ(၁၂)ရက်နေ့က တစ်ကိုယ်တော်ပွဲဦးထွက်အယ်ဘမ် ကို ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။

သူမရဲ့ သီချင်းခွေမှာ သူမရဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းသုံးပုဒ် ပါ ထည့်ထားပြီး စုစုပေါင်း သီချင်းအပုဒ်ရေ (၁၁)ပုဒ်ခန့်ပါ၀င်တယ်လို့ သိရပါတယ်။

သူမဟာ ကျူးဘားလူမျိုးဖြစ်ပြီး (၂၀၁၂)ခုနှစ်က X Factor Season2 မှာ ဆုရရှိခဲ့သူဖြစ်ပါတယ်။ အဲ့ဒီကနေ တစ်ဆင့် ဂီတလောကထဲမှာ နေရာတစ်ခုရရှိခဲ့ပြီး Fifth Harmony အဖွဲ့ထဲကို ၀င်ရောက်ခဲ့တာပါ။ 

လက်တလောမှတော့ သူမရဲ့ သီချင်းတွေဟာ ကျားမမရွေး နှစ်သက်လျက်ရှိတာမို့ ဒီသီချင်းခွေက သူမရဲ့ မှတ်တိုင်တစ်ခုဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။ 

ပရိသတ်တွေမသိကြသေးတဲ့ သူမရဲ့ နာမည်အရင်းကတော့ Karla Camila Cabello Estrabao ဖြစ်ပါတယ်တဲ့။

သူမဟာ Havana ဆိုတဲ့ သီချင်းလေးနဲ့ MTV ဆု ဆွတ်ခူးထားတာဖြစ်ပါတယ်။

Source -Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။