မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ၂၀၁၇ အတွင်း ဝင် ရောက်လာသော နိုင်ငံခြားသား များအနက် ဗီဇာစည်းကမ်းဖောက် ဖျက်ပြီး ပြစ်မှုကျူးလွန်သည့် နိုင် ငံခြားသား ၃၉ ဦးကို တရားစွဲဆို ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ ၂၀၁၇ တွင် မန္တလေးတိုင်း ဒေသကြီးသို့ နိုင်ငံခြားသား ၂၆၉,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး လုပ်ငန်းဗီဇာဖြင့် လာရောက်သူ ၃,၅၅၉ ဦးရှိခဲ့ပါတယ်။ ၎င်းတို့ထဲမှ ပြစ်မှုကျူးလွန်သော နိုင်ငံခြား သားများကို အရေးယူကာပြည်နှင် ခဲ့ကြောင်း တိုင်းလူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးတင် ချယ်က ပြောကြားခဲ့ပါတယ်။

'‘နိုင်ငံခြားသားတွေကို ဝင် လာကတည်းက စည်းကမ်းတကျ နေဖို့ပေါ့။ အခုဖြစ်တာတွေက တော့ ယာဉ်စည်းကမ်းဖောက် ဖျက်ကျူးလွန်တာကနေ လဝက ဥပဒေနဲ့ ထပ်ပြီးတရားစွဲဆိုလိုက် ရတာမျိုးတွေလည်းရှိတယ်’’ ဟု ၎င်းကပြောပြခဲ့ပါတယ်။၂၀၁၇ အတွင်း မန္တလေးတွင် တရားစွဲဆိုခံရသော နိုင်ငံခြား သားများအနက် တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး အီတလီ၊ ရုရှား၊ ဗီယက်နမ် စသည့်နိုင်ငံသားများ ပါဝင်ကြောင်း သိရပါတယ်။ ‘‘စီးပွားရေး လုပ်ကိုင်ရင် တော့ ကုမ္ပဏီရဲ့ တာဝန်ခံချက်နဲ့ လုပ်ကိုင်ရတယ်။ တကယ်လို့ ပြဿနာဖြစ်လာရင် ဗီဇာစည်း ကမ်းနဲ့အညီ နေထိုင်လုပ်ကိုင်ခြင်း ရှိ၊ မရှိဆိုတာ ပြန်လည်စိစစ်ရ တယ်။ နိုင်ငံခြားသားတွေ တရား ဝင်နေထိုင်ခြင်းရှိ၊ မရှိကို နည်း လမ်းမျိုးစုံနဲ့ ဖော်ထုတ်တာတွေ လည်းရှိပါတယ်’’ ဟု ဦးတင်ချယ် က ပြောပြခဲ့ပါတယ်။

၂၀၁၆ က မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ နိုင်ငံခြား သား ၂၄၄,၀၀၀ ကျော် ဝင်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်သည့်နိုင်ငံ ခြားသား ၃၂ ဦးကို အရေးယူခဲ့ ကြောင်း လဝကဌာနမှတ်တမ်း များ၌ ဖော်ပြခဲ့ပါတယ် ။နိုင်ငံခြားသားများကို တရား စွဲဆိုအရေးယူမှု တစ်နှစ်ထက် တစ်နှစ်ပိုများလာခြင်းသည် ဝင် ရောက်လာသောအရေအတွက် များလာခြင်းနှင့် သက်ဆိုင် ကြောင်း ဦးတင်ချယ်က ပြောပြခဲ့ပါတယ် ။မြန်မာနိုင်ငံအတွင်း ဝင် ရောက်လာသော နိုင်ငံခြားသား များ ပြဋ္ဌာန်းဥပဒေတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ၁၉၄၇ လူဝင်မှုကြီးကြပ်ရေး (လတ်တ လောပြဋ္ဌာန်းချက်များ) အက်ဥပ ဒေပုဒ်မ ၄(၂)ဗီဇာစည်းကမ်းချိုး ဖောက်ခြင်းဖြစ်၍ ယင်းဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် အရေးယူခြင်းဖြစ် ကြောင်းသိရပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။