အမြဲလိုလိုပျော်နေတတ်တဲ့ အဆိုတော် နိုင်းဝမ်းတစ်ယောက် မုံရွာမြို့ကိုရောက်နေရှိပြီး သူ့ရဲ့ ချစ်သူကောင်မလေးကို ဖေ့ဘုတ်ကနေ အခုလို ကျီစယ်ထားပါတယ်။

“ရည်းစားနဲ့ဖုန်းပြောပြီး သူအိပ်ပြီဆိုမှ ဘာမှကဲစရာနေရာမရှိတဲ့ မုံရွာမြို့ကြီးကနေထွက်ခွာလာပြီး မန်းရွှေမြို့ကိုရောက်နေပြီလေ

ရည်းစားလစ်တုန်းလေး အမုန်းကဲသင့်တယ်မဟုတ်ပါလားဗျာ”” ဆိုပြီး သူ့ရဲ့ပုံလေးတစ်ပုံနဲ့အတူ ရေးသားထားပါတယ်။

နာမည်ကျော် တေးရေးဆရာအဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းဟာ လူငယ်ပရိသတ်တွေအကြိုက်တေးသီချင်းလေးတွေကို သီဆိုရင်း ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တာပါ။ သူထွက်ရှိသမျှသီချင်းအပုဒ်ရေအတိုင်းဟာ လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို စွဲကျန်စေတာဖြစ်ပါတယ်။ အမိုက်စား ရက်ပ် စာသားတွေ သီဆိုဖန်တီးနိုင်တဲ့အတွက်လည်း ယနေ့ထိ လူကြိုက်များနေတဲ့ ရက်ပါအဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒါ့ပြင် အချစ်ရေးအနေနဲ့ နိုင်းဝမ်းက သူ့ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပဲ ချပြထားတာဖြစ်လို့ သူတို့စုံတွဲလေးကို ချစ်တဲ့သူတွေကတော့ စိတ်ဝင်တစားစောင့်ကြည့်ကြပါတယ်။ 

ချစ်သူကောင်မလေးနဲ့ ရည်းစားသက်တမ်း(၈)နှစ်ရှိပြီဖြစ်တဲ့ နိုင်းဝမ်းဟာ လက်တလောသူတင်ထားတဲ့ ဖေ့ဘုတ်က စာသားမှာတော့ သူ့ချစ်သူ အိမ်ပျော်နေချိန်မှာ မန္တလေးထိ သွားကဲမယ် လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ သာသာယာယာပဲမို့ မြင်ရသူတိုင်း စိတ်ချမ်းသာမှုတွေကို ကူးစက်စေပါတယ်။

အဆိုတော်နိုင်းဝမ်းဟာ စလုံးချစ်သူ ဆိုတဲ့ သီချင်းလေးမှာရက်ပ် စာသားရွတ်ဆိုခဲ့ရာကနေ ပရိသတ်အသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အရောင်မဆိုးနဲ့ ၊ ကမ္ဘာငယ်လေး အစရှိတဲ့ သီချင်းလေးတွေနဲ့ အောင်မြင်မှုရရှိခဲ့တာပါ။  

Source : Kyawzin latt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။