တိုယိုတာကသူ့ရဲ့ ကားများမှာ Amazon ရဲ့ Alexaဒစ်ဂျစ်တယ်ကိုယ်ရေး လက်ထောက် ထည့်သွင်းမယ်လို့ CES မှာကြေညာလိုက်ပါတယ်။ Alexa ဟာကားရဲ့ Infotainment Platform အသစ်နဲ့ တွဲဖက် အလုပ်လုပ်မှာ ဖြစ်ပါတယ်။ တိုယိုတာရဲ့ Entune 3.0 Infotainment System နဲ့ Lexus ရဲ့ Enform 2.0 System များမှာယခုနှစ်တွင် Alexa စွမ်းရည်ပါလာမှာ ဖြစ်ပါတယ်။

တိုယိုတာကအဲဒီကားမော်ဒယ်များကိုတော့ အသေးစိတ် ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Entune 3.0 ကိုယခင်နှစ်ထုတ် 2018 Toyota Camry များမှာထည့်သွင်းပေးထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ပိုမို များပြားတဲ့ မော်ဒယ်များမှာAlexaထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ဒါကြောင့် လာမယ့်နှစ်မှာတော့ တိုယိုတာရဲ့ အသစ်ထွက်ရှိလာမယ့် မော်ဒယ်လ်တွေမှာတော့ ခေတ်မှီနည်းစနစ် Alexaကို စတင်မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။ 

Alexaဆိုတာ ကားများမှာလမ်းတည်နေရာညွှန်ပြချက်များ၊ မီဒီယာ ထိန်းချုပ်မှုများကို Infotainment စနစ်ကတစ်ဆင့် အသံအမိန့်ဖြင့် ခိုင်းစေနိုင်ပါတယ်။ “အသံအမိန့် အခြေပြု ဝန်ဆောင်မှုများဟာ အလွန် ရေပန်းစားလာပါတယ်။ Alexaပါတဲ့ Toyota နဲ့ Lexus ကားများမှာ အချိန်ပြည့် အသံဖြင့် ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။” လို့ တိုယိုတာရဲ့ မြောက်အမေရိကမှ အကြီးတန်းဒုတိယဥက္ကဌ ဖြစ်သူ Zack Hicks က ပြောပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၉ခုနှစ်မှာ Alexa နည်းပညာနဲ့ ထွက်ရှိလာမယ့် တိုယိုတာကား မော်လ်ဒလ် အသစ်တွေကတော့ စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်ဗျာ..

Source : Mobile Guide (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။