နှာတံဖြောင့်ဖြောင့်လေးနဲ့ လှတဲ့ မင်းသမီးတွေထဲ မှာ မေမြင့်မိုရ်လဲ အပါအဝင်ပါ။ ယခုနောက်ပိုင်းပရိသတ်တွေကြားမှာ နာမည်ကြီးလာတာကလဲ သူမရဲ့ သရုပ်ဆောင်မှုကြောင့်ဆိုရင်လဲ မမှားပါဘူး။ လွန်ခဲ့တဲ့ ရရက်လောက်က သူမရဲ့ လူမှုကွန်ရက်မှာ ကောင်လေးတစ်ယောက်နဲ့ ပုံတက်လာပါတယ်။ ဘယ်သူဖြစ်မလဲ.....

မေမြင့်မိုရ်ရဲ့ ကိုယ်ပိုင်အကောင့်မှာ couple goals ဆိုပြီး ယောက်ျားလေးဖိနပ်နဲ့ မိန်ကလေးဖိနပ် ပုံကို တင်ထားတာကို တွေ့ရပါတယ်။ ထိုပုံ တင် ivan_sett ဆိုပြီး လူတစ်ယောက်ကို မန်းရှင်းထားတဲ့အပြင်ထွန်းထွန်း (examplez) က လဲ ကောမန့်ဝင်ပေးတာကိုတွေ့ရမှာပါ။ ထိုသူ့ကောင့်ကို ဝင်ကြည့်လိုက်တော့ မေမြင့်မိုရ်နဲ့ အတူတွဲ ရိုက်ထားတဲ့ပုံ တွေ့ရပြီး love you loads (အရမ်းချစ်တယ်) ဆိုပြီးရေးထားတဲ့ အပြင်မေမြင့်မိုရ်ကိုပါ မန်းရှင်းထားတာကို တွေ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ ဇူလိုင်လ ၂၈ ရက်နေ့ကတည်းမှာ ချစ်သူဖြစ်ခဲ့တယ်လို့ ခန့်မှန်းရပြီး ခင်ဝင့်ဝါကလဲ congratulation လုပ်ထားတာကိုတွေ့ရမှာပါ။ မေမြင့်မိုရ်ရဲ့ ချစ်သူက ယခုလောလော ဆယ် သြစတေးလျမှာ နေ နေတယ်လို့သိရပြီး လေကြောင်းလိုင်းနဲ့ သက်ဆိုင်တဲ့ ပညာရပ်တစ်ခုကို သင်ကြားနေတယ်လို့သိရပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။