တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသမီးချောတစ်လက်ဖြစ်တဲ့ Lee Si Young ကတော့ သူမရဲ့ သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီ ဖြစ်ပါတယ်..။

သားဦးလေးကို ပြီးခဲ့တဲ့ ဇန်နဝါရီ(၇)ရက်နေ့က ဆိုးလ်မြို့ရှိ ဆေးရုံတစ်ရုံမှာ အောင်မြင်စွာ မွေးဖွားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်..။

ကျန်းမာသန်စွမ်းတဲ့ သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီဖြစ်တဲ့အကြောင်းကို သူမရဲ့ အေဂျင်စီက အတည်ပြု ကြေညာပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်..။

“Lee Si Young နဲ့ သူမရဲ့ မိသားစုဟာ သူတို့ရဲ့ အထူးစပယ်ရှယ် မိသားစုဝင်သစ်လေးကို ကြိုဆိုရင်း အရမ်းကို ပျော်ရွှင်နေကြပါတယ်..” လို့ ဇန်နဝါရီ (၈)ရက်နေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့ အေဂျင်စီကပဲ ထပ်မံပြီး Lee Si Young အတွက် နွေးနွေါ်ထွေးထွေးနဲ့ ဂုဏ်ပြုစကားလေးတွေပြောပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်..။

မင်္ဂလာသတင်းလေးကို ကြားသိပြီး ပရိသတ်တွေကလည်း သူမနဲ့ ထပ်တူ ဝမ်းသာကြတဲ့အကြောင်းလေးတွေကိုလည်း သူတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားပြောပြထားကြတာကိုလည်း တွေ့ရပါတယ်..။

မင်းသမီး Lee Si Young ဟာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Jo Seung Hyun နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့ လက်ထပ်မင်္ဂလာသတင်းနဲ့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်း နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကြေညာခဲ့တုန်းကလည်း ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါသေးတယ်..။

လတ်တလောမှာတော့ သူမရဲ့ သားဦရင်သွေးလေးကို ဂရုစိုက် စောင့်ရှောက်ဖို့အတွက် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ အချိန်တစ်ခုအထိ ရပ်နားထားမှာ ဖြစ်ပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။