မိတ်ကပ်အသိုင်းအဝိုင်းရဲ့ နာမည်ကျော် အလှဖန်တီးရှင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိထားသူကတော့ မိတ်ကပ် ညီညီမောင် ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို ချစ်စနိုးနဲ့ သုသု လို့ခေါ်ကြပြီး သူမဟာ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေလေ့ရှိသူ ဖြစ်ပါတယ်။ ယခုလတ်တလော လူမှုစာမျက်နှာတွေထက်မှာ သုသု ရဲ့ ဟာသဗီဒီယိုလေးတွေဟာ နာမည်ကြီး လူကြည့်များလို့နေပါတယ်။ 

ဗီဒီယိုင်ဖိုင်အတိုလေးတွေကို သူမရဲ့ လူမှုစာမျက်နှာကတဆင့် တင်ခဲ့တာဖြစ်ပြီး ယခုဆိုရင်တော့ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေ ပိုမို့များပြားလာတာကိုလည်း တွေ့ရပါတယ်။ သူမကတော့ ဒီဗီဒီယိုဖိုင်လေးတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေရင် ကျေနပ်ပါတယ်ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာကတဆင့် ယခုလို ရေးသားပြောဆိုထားပါတယ်။ 

"ကျမ မလှပါဘူး

ကျမ မိတ်ကပ် လိမ်းတဲ့ပညာနဲ့ အသက်မွေးပါတယ်

ကျမအရမ်းလှတဲ့ မိန်းမ နဲ့ တူတဲ့ မိန်းမလျာ ဖြစ်ချင်ပါတယ်

ကျမကြောင့် အခု သူငယ်ချင်းတို့ ပျော်တယ် ကျမ ကျေနပ်တယ် ပီတီ ဖြစ်တယ်

အပူများတဲ့လောကကြီးမှာကျမကြောင့် ခဏတာစိတ်ပျော်သွားတယ်ဆို ကျေနပ်ပါတယ်" ဆိုပြီး ရေးသားထားပါတယ်။ ထို post အောက်မှာတော့ နာမည်ကြီး ဒီဇိုင်နာမပုံ့က love emoji လေးပေးထားပြီး မင်းသမီး ဆုမြတ်နိုးဦကလည်း "စိတ်ထားလေးအရမ်းလှတဲ့မမမြသုတကိုချစ်ပီးသား" ဆိုပြီး ရေးသားထားပါတယ်။ 

Source: Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။