တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း ဆယ်လီစုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ စုံစွဲလေးကတော့ သူတို့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ ဒိတ်လုပ်ခဲ့တယ်လို့ သိရပါတယ်..။

သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ အမှတ်တရတွေရှိတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒိတ်လုပ်ပြီး အလည်အပတ်ပြန်လည်ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်..။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ စုံတွဲလေးဟာ Cafe Kitsune ဆိုတဲ့ ဇိမ်ခံကော်ဖီဆိုင်လေးမှာ ဒိတ်လုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ ကိုရီးယားနိုင်ငံသား ခရီးသွားတစ်ဦးက ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ကို တွေ့ခဲ့ပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်..။

အဲ့ဒီခရီးသွားဟာ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့စုံတွဲ ကော်ဖီဆိုင်က ထွက်ခွာသွားချိန်မှာ အဝေးက လှမ်းရိုက်ထားတဲ့ နောက်ကျောပုံ ဓာတ်ပုံနဲ့အတူ သူတို့စုံတွဲဆီက ရရှိခဲ့တဲ့ လက်မှတ်ကိုတွေကို သူ့ရဲ့ လူမှုကွန်ယက်ပေါ် တင်ထားခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်သတင်းဟာ မိနစ်ပိုင်းအတွင်းမှာပဲ ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့သွားပြီး ကိုရီးယားနိုင်ငံမှာ အရမ်းကို နာမည်ကြီးသွားခဲ့ပါတယ်..။

ဂျပန်နိုင်ငံ တိုကျိုမြို့ကတော့ ဆောင်းဂျွန်ကီက ဇနီးသည် ဆောင်းဟေဂိုကို လက်ထက်ခွင့်တောင်းခဲ့တဲ့ သူတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရနေရာလေးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်..။

မကြာခဏ ခရီးတွေထွက်လေ့ရှိတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ ဒီတစ်ခေါက်မှာလည်း တန်ဖိုးရှိတဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးခဲ့ပုံပါပဲ..။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကမှ လက်ထပ်ခဲ့ကြတဲ့ ပူပူနွေးနွေး ဆယ်လီစုံတွဲလေးလည်း ဖြစ်ပါတယ်..။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။