ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက်အဖြစ် ထင်ရှားကျော်ကြားခဲ့တဲ့ မင်းသမီးချောနန္ဒာလှိုင်ကတော့ မွန်မြတ်တဲ့ အလှူကြီးတစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ..။

လှူဒါန်းမှုကြီးကြီးမားမားတွေကို မကြာခဏ ပြုလုပ်လေ့ရှိတဲ့ မင်းသမီးချော နန္ဒာလှိုင်တို့ မိသားစုဟာ အခုတစ်ခေါက်မှာလည်း ဘုရား စိန်ဖူးတော် ဌက်မြတ်နားတော်အတွက် နောက်ထပ်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါတယ်..။

ရွှေဘုံသာမုနိဆံတော်ရှင် ဘုရားစိန်ဖူးတော်တွေအတွက် စိန်တွေ ကျောက်တွေကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ နန္ဒာက သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေထားတာ တွေ့ရပါတယ်..။

“စိန်ဖူးတော်ငှက်မြတ်နားတော်အတွက်အသုံးပြုရန်လှူဒါန်းပါသည်..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

သူတို့ရဲ့ အလှူလေးနဲ့အတူ အခြားအလှူတွေကလည်း ပါဝင်လှူဒါန်းခဲ့သေးတဲ့အကြောင်းလေးကိုလည်း သူမက ပြောပြထားပါသေးတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း သူမတို့ရဲ့ အလှူလေးကို ချီးကျူးသာဓုခေါ်ထားကြတာ တွေ့ရပါတယ်..။

သူမတို့ မိသားစုလေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဝင်းစိန်ဆရာတော်ဘုရားကြီး ရုုပ်ကလပ်သင်္ကန်းလဲလှယ်ပူဇော်ပွဲမှာလည်း အလှူငွေ သိန်းလေးထောင်ကျော်ကို ပါဝင်လှူဒါန်းခဲ့ပါသေးတယ်..။

နင်းသမီး နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားထားပေမယ့်လည်း ပရဟိတလုပ်ငန်းတွေ သာသနာပြုလုပ်လုပ်ငန်းတွေ အလှူအဒါန်းတွေကိုတော့ ဆက်တိုက် ပါဝင်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Source - နန္ဒာလှိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။