ယခုလက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဂျပ်ဖ်ဘေးဇို့စ် ကတော့ ကမ္ဘာ့အချမ်းသာဆုံး ထရီလီယံနာ သူေဋ္ဌးကြီးဖြစ်ဖို့ရေပန်းစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုဟာ အသားတင် ၁၀၅.၁ ဘီလီယံတောင်ရှိနေပါပြီ။ သူဟာ အမေဇုန် နဲ့ဝါရှင်တန်ပိုစ့်တို့ရဲ့ ပိုင်ရှင်လည်း ဖြစ်သလို အာကာသကုမ္ပဏီတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဂျပ်ဖ်ဘေးဇို့စ်ကို နယူးမက္ကစီကိုမှာမွေးဖွားခဲ့ပြီး သူ့ရဲ့ မိဘတွေ ကွာရှင်းပြီးခဲ့တဲ့ အချိန်မှာတော့ သူဟာ ပထွေးရဲ့နာမည် ဘေးဇို့စ်ကို ယူခဲ့ပါတယ်။  

ဘေးဇိုစ့်ငယ်ငယ်တုန်းက သူ့အဖိုးရဲ့ ခြံထဲမှာ လေရဟတ်တွေ ပြင် ၊ နွားတွေကို ကာကွယ်ဆေးထိုး စတဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ဖူးပါတယ်။ သူဟာ ကွန်ပျူတာသိပ္ပံနဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်တွေကိုလည်း လေ့လာသင်ယူခဲ့ပြီး နာမည်ကျော် Wall Street လမ်းမှာရျိတဲ့ ဘဏ်နဲ့ ရင်းနှီးမြုပ်နှံမှု အလုပ်တွေမှာ ကွန်ပျူတာနဲ့သက်ဆိုင်တဲ့ အလုပ်တွေလုပ်ကိုင်ခဲ့ပါတယ်။ သူ့အသက် ၃၀အရွယ်မှာတော့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်လက်ရှိဝင်ငွေကောင်းတဲ့အလုပ်ကနေ ထွက်ခဲ့ပါတယ်။ ဘေးဇို့စ်ဟာ အင်တာနက်မှတဆင့် စာအုပ်တွေရောင်းတဲ့ ကုမ္ပဏီကို သူ့မိဘတွေရဲ့ကား ဂိုဒေါင်ထဲမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ 

ကုမ္ပဏီရဲ့ နာမည်ကိုတော့ အမေဇုံလို့အမညပေးခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးတံဆိပ် (၁၀)ခုထဲမှာ ပါဝင်ထားပြီပဲဖြစ်ပါတယ်။ ဘေးဇို့စ်ဟာ စာရေးဆရာမ မက္ကဇင်နဲ့လက်ထပ်ခဲ့ပြီး ကလေး(၄)ယောက်ထွန်းကားခဲ့ကာ သာယာချမ်းမြေ့တဲ့ မသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အာကာသခရီးလုပ်ငန်းကို စတင်တဲ့အနေနဲ့ Blue Origin အာကာသကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ ဝါရှင်တန်ပိုစ့်ကို ဝယ်ယူခဲ့ပြီး ဒီသတင်းဟာ လူအများကြား စိတ်ဝင်စားခဲ့ရပါတယ်။လက်ရှိမှာတော့ ဘေးဇိုစ် ရဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် ကမ္ဘာ့ပထမဆုံး ထရီလီယံဖြစ်ဖို့ရေပန်းစားနေပါတယ်။

Source : BBC Burnmese 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။