နိုင်ငံရေးလှုပ်ရှားမှုတစ်ချို့မှာ ပါ၀င်ပြီးနောက် အနုပညာလောကကနေ ကာလအတန်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ မင်းသားကြီး ရဲမင်းပိုင်ကိုတော့ ယနေ့အထိ မမေ့ကြသေးတဲ့ ပရိသတ်တွေရှိနေမှာပါ။

ပြည်ပမှာ အခြေချနေထိုင်တာကြာပြီဖြစ်သလို ရုပ်ရှင်လောကကနေ ပရိသတ်တွေနဲ့ အဆက်ပြတ်သွားခဲ့တဲ့ ရဲမင်းပိုင်တစ်ယောက် အနုပညာအလုပ်တွေပြန်လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နာမည်ကျော်ဖိုက်တာမင်းသားတစ်လက်ဖြစ်ပြီး ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သူ့ရဲ့ တိုက်ရည်ခိုက်ရည်တွေကြောင့် တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။

ရဲမင်းဟာ အမိမြေကို ပြန်လာပြီး သူဝါသနာပါရာအနုပညာအလုပ်တွေပြန်လုပ်တော့မယ့်အကြောင်းကို အခုလို ပရိသတ်တွေကို တလေးတစားနဲ့ ခွင့်တောင်းလိုက်တာဖြစ်ပါတယ်။

"ကျနော် မြန်မာပြည်ကို ပြန်လာဖို့ အကိုကျော်သူကစတင်ပြောခဲ့ပါတယ် ပြီးတော့ အမေရိကန်က သူငယ်ချင်းဖြစ်သူ ကိုအေးသိန်ထွေး ကကျနော်ကို မြန်မာပြန်ပြီး အနုပညာအလုပ်ကိုပြန်လုပ်ဖို့ အထူးတိုက်တွန်းခဲ့ပါတယ်

ကျနော် ဒီ စာအုပ်လေးရဖို့ ၉ လပိုင်း ၂၀၁၇မှာစတင်ခဲ့ပါတယ် Fort Wayne ဇေတဝန် ဆရာတော်ဦးကုသလ အထူးကူညီခဲ့ပါတယ်

ကျေးဇူးရှိသူတွေရဲ့ကျေးဇူးကိုကျနော်မမေ့ပါ

စာအုပ်လေး ကျနော်ဆီကို၂၀၁၈ Jan 12 ရက်မနက်မှာ ရောက်ရှိလာပါပြီ

မကြာခင်ကျနော် ပြည်မြန်မာ ကြီးကိုတောင်းပန်ဖို့ အမိအဘတွေကိုတောင်းပန်ဖို့

ကျနော် အနှစ်နှစ်ဆယ် ကျင်လည်ခဲ့တဲ့အနုပညာ အလုပ်ကိုတောင်းပန်ဖို့ကျနော်အပေါ် ကောင်းတဲ့ တပည့်တွေနဲ့ပြန်လည်ဆုံစည်းဖို့နယ်ပေါင်းစုံ ရွာပေါင်းစုံမှာ ပြည်နယ်ပေါင်းစုံမှာ

ယနေ့ထိ ကျနော်ကိုတမ်းတနေတဲ့ချစ်ခင်သူတွေကို

တောင်းပန်ဖို့ မကြာခင်ရက်ပိုင်းအတွင်းကျနော်ရောက်လာတော့မှာပါ

ကျနော် ဘဝအတွက် အမိမြေကို ကျောခိုင်းထွက်ခဲ့တဲ့

သူပါ ကျနော်တောင်းပန်ပါတယ်အမိမြေ တချိန်က

အခက်အခဲ အကျပ်တည်းတွေမခံနိူင်လို့ပါကျနော် ကို အမိမြေ ဝင်ခွင့်ပြုပါလို့

ရိုသေစွာ တောင်းခံပါတယ် အမိမြေ   အနုပညာနဲ့ ကျနော် ကံကုန်ပြီလို့ ထင်မိခဲ့ပါတယ်

ဒါပေမဲ့ ကျနော့်ရဲ့ အနုပညာ က ကျနော် ကို' မင်းပြန်လာခဲ့ပါ ကံမကုန်သေးဘူး

အများကြီး လုပ်စရာတွေရှိတယ် ..လို့ပြောနေပါတယ်

အားလုံးသောချစ်ခင်ရသော မိတ်ဆွေ တွေကျေးဇူးရှင်တွေ ချမ်းသာစွာ ပျော်ရွှင်စွာ

အေးငြိမ်းသောဘဝတွေနဲ့ ထာဝရတည်ရှိကြပါစေ

ရဲမင်းပိုင်

သရုပ်ဆောင် ( တချိန်က)"" ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။သူဟာ ပြည်ပမှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။ 

ပရိသတ်တွေရော နိုင်ငံကျော်မင်းသား ရဲမင်းပိုင်သာ အရင်လိုဇာတ်ကားတွေပြန်ရိုက်မယ်ဆို အားပေးဦးမှာလား။ 

Source :YeminPaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။