ဒီနေတော့ ချစ်ရတဲ့မေ့ကို မြန်မာဝတ်စုံလေးနဲ့ တွေ့ရပါတယ်။ မေမြတ်နိုးဆိုတဲ့ သူမဟာ စူပါမော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် မြန်မာဝတ်စုံလေးတွေနဲ့တော့ သိပ်မြင်တွေ့ရလေ့ မရှိပါဘူး။ သူမအလုပ်ဟာ စမတ်ကျပြီး အလန်းစာဖက်ရှင်တွေနဲ့သာ လူငယ်အကြိုက် တင်ဆက်ပေးနေရတဲ့သူမို့ ဒီလိုမြန်မာဆန်ဆန်ဖက်ရှင်လေးတွေကတော့ မြင်တွေ့ရခဲတာပါ။

ပန်းနှရောင် မြန်မာဝတ်စုံလေးနဲ့အတူ သူမက ကဗျာဆန်စွာပဲ ပန်းလေးတစ်ပွင့်ကို ပန်ဆင်ထားပါသေးတယ်။

“ မြန်မာဝတ်စုံလေးနဲ့ဆိုရင်ရော ချစ်မှာလား” တဲ့ ။ဒီလိုမေးစရာမလိုလောက်အောင်ကို မေ တစ်ယောက်ချစ်ဖို့ကောင်းနေသူပါ။

ငယ်ရွယ်တဲ့သူမက Asia Pacific World 2014 ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်ပေး လာနိုင်သူတစ်ယောက်ပါ။ Sexy ဆန်ဆန်ပုံရိပ်တွေခေတ်စားနေတဲ့အချိန်မှာ မေ တစ်ယောက်ကတော့ Sexy ကိုကျော်လွန်ကာ Smart ကျတဲ့ဖက်ရှင်အတွဲအဖက်ကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။

ကျောင်းကတဖက် ချစ်တဲ့မော်ဒယ်အလုပ်တွေက တစ်ဖက်နဲ့မို့ မေတစ်ယောက်တော့ အချစ်ရေးကို မစဉ်းစားနိုင်သေးပါဘူး။ စူပါမော်ဒယ်တစ်ယောက်မို့ မြန်မာနိုင်ငံရဲ့ Fashion မဂ္ဂဇင်းတိုင်းမှာ မပါမရှိတဲ့ ကဏ္ဏမှာ သူမလေးကထိပ်ဆုံးပါပဲ။ ဒီလိုတွေချစ်ဖို့ကောင်းနေတဲ့ သူမကို ဂီတဘက်မှာလည်း မြင်တွေ့ရအုံးမှာပါ။

ဒါကတော့ မေမြတ်နိုးဆိုတဲ့ သူမကိုချစ်တဲ့ ပရိသတ်အတွက်သူမရဲ့ လတ်တလောပုံရိပ် ကလေးတွေကို စုစည်းပေးလိုက်ပါတယ်။

Source – May Myat Noe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။