ခြံဝန်းသေးသေးလေးထဲမှာ အိမ်ဆောက်နေပြီး ရိုးရိုးရျင်းရှင်း အဝတ်အစားနဲ့ လူတစ်ယောက်ကို ကြည့်လိုက်ရင် ပုံမှန်ပဲလို့တော်တော်များများက ထင်မိကြမှာပါ။ တစ်ကယ်တော့ ဒီလိုပုံစံလူတစ်ယောက်ဟာ သာမန်လူတစ်ယောက်မဟုတ်ပဲ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ယောက်ဖြစ်တယ်ဆိုရင်ရော ပရိသတ်ကြီး ယုံနိုင်ပါ့မလား ။ ဒါဟာ တစ်ကယ်အမှန်ဖြစ်ပြီး သူဟာ ဥရုဂွေးနိုင်ငံရဲ့ သမ္မတတစ်ဦးလည်းဖြစ်ပါတယ်။ သမ္မတကြီးရဲ့နာမည်ကတော့ ဂျို့စ်မူဂျီကာဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၅ခုနှစ်အထိ သမ္မတရာထူးနဲ့ ဥရုဂွေးနိုင်ငံကို အုပ်ချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဂျို့စ်မူဂျီကာရဲ့ ဘဝခံယူချက်ကတော့ လူသားတိုင်းကို မှတ်သားစေနိုင်မယ့် စကားတစ်ခွန်းးဖြစ်ခဲ့ပါတယ်။သူပြောခဲ့တာက " ကျွန်တော်ဟာ အဆင်းရဲဆုံး သမ္မတစ်ဦးမဟုတ်ပါဘူး။ အဆင်းရဲဆုံးဆိုတာ အသက်ရှင်ဖို့ လိုအပ်မှု တွေအများ ကြီးရှိနေသူပါ။ ကျွန်တော့ရဲ့ ဘဝပုံစံဟာဆင်းရဲမှု၊ အပြစ်အနာအဆာ၊ ဒဏ်ရာတွေနဲ့ လည်ပတ်နေပါတယ်။ ဒါပေမယ့် ကျွန်တော့ရဲ့ ဘဝအချိန်ပေါင်းများစွာကို ပျော်ရွှင်မှုတွေနဲ့ပဲ ဖြတ်သန်း ပါတယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာပေါ့” လို့ ဆိုပါတယ်။ သမ္မတ မူဂျီကာဟာ အလှူအတန်းလည်း၇က်ရောပြီး သဒ္ဒါတရား ထက်သန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မူဂျီကာဟာ သူ့ရဲ့ သမ္မတလစာ ၉၀ရာခိုင်နှုန်းကိုဆင်းရဲတဲ့ပြည်သူတွေနဲ့ အသေးစားစီးပွားရေး အလုပ်သမားတွေကို ပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။ သမ္မတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်တဲ့ သူ့ရဲ့ လစာဟာ တစ်လကို ဒေါ်လာ ၁၂၀၀၀ ရရှိတာလည်းဖြစ်ကာ ဒီငွေကြေးရဲ့ တစ်ရာခိုင်နှုန်းကိုသာ သူ့ အတွက် အသုံးစရိတ်ပြန်ယူတာဖြစ်ပါတယ်

နိုင်ငံရဲ့ သမ္မတတစ်ဦးနေရာမှာ ရောက်ရှိလာခဲ့ပေမယ့်လည်း သူ့ရဲ့သက်တမ်းအုပ်ချုပ်မှု တလျှောက် လုံးမှာတော့မိသားစု၊ ဇနီးသည်နဲ့ မူဂျီဟာတို့ဟာ သာမန်အရပ်သားမိသားစု ဘဝနဲ့ပဲ ဖြတ်သန်းကြပါ တယ်။ လယ်ကွင်းထဲ လယ်စိုက်တယ်၊ ကျွဲနွား၊ တိရစ္ဆာန်တွေမွေးမြူ တယ်။ သာမန်နေအိမ်လေးတစ်လုံးမှာနေတယ်။ သာမန် အရပ်သား တီရှပ်၊ အားကစားဘောင်းဘီဝတ်ဆင်ပြီး နေ့ရက်တွေဖြတ်သန်း တယ်။ ဗောက်စ်ဝက်ဂွန် ဘီတယ်လ်ကားငယ်လေးကို မောင်းတယ်။ အစောင့်တပ်သားနှစ်ဦးနဲ့ ခြေထောက် သုံးချောင်းပဲရှိတဲ့ ခွေးကလေးက သူ့ရဲ့ကိုယ်ရံတော်တွေပဲဖြစ်တယ်။ ဒါတွေဟာ ဟန်ဆောင်မှုကင်းမဲ့ပြီး ပကာသနတွေမပါတဲ့ ရိုးစင်းတဲ့ သမ္မတစ်ဦးရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်တွေပဲဖြစ်ပါတယ်။ သူ့ရဲ့ ထင်ပေါ် ကျော်ကြားမှုနဲ့ ပြည်သူတွေ အားပေးထောက်ခံခဲ့တဲ့ အောင်မြင်မှုဟာဆိုရင်တော့ တိုင်းပြည်က လာဘ် စားမှုကိုတိုက်ဖျက်ခဲ့တာပါပဲ။

Source: Shweinnlay(Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။