နာမည်ကျော်သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးတစ်ယောက် “ ဗိုလ်နေတိုး ” ဇာတ်ကားကို အပြည့်အဝပုံဖော်ဖို့အတွက် ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ကန်တော့ပွဲပေးအခမ်းအနားကို မနေ့ကပြင်ဦးလွင်မြို့မှာကျင်းပခဲ့ပြီး ယနေ့မှာ တော့ စတင်ရိုက်ကူး နေပြီပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားချောဖြစ်တာမို့ ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိထားတဲ့ ထိပ်တန်းစားရင်းဝင်မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ပိုင်ဆိုင်ထားပြီး ပရိတ်သတ်တွေရဲ့ အကြီးမားဆုံး အသည်းစွဲတစ်ယောက်ဆိုလည်း မမှားပါ ဘူး။

ညီဖြစ်သူ မင်းသွေးကိုလည်း ကိုယ်ကျင်လည်ကျွမ်းကျင်ရာ အနုပညာလောကထဲကို လက်တွဲ ခေါ်ခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်ပိုင်လမ်းတစ်ခုဖောက်စေခဲ့တဲ့ အကိုကြီးအဖရာ ပီသသူလည်း ဖြစ်ပါတယ်။ ရှေ့ကရိုက်ကူးခဲ့တဲ့ “ တာတေကြီး ” “ လရောင်ဖြာတဲ့အင်းလေး မှာ ” “ ထာဝရအမေ ” စတဲ့ ဇာတ်ကားတွေကလည်း ပရိတ်သတ်အားပေးမှု အတော်များ များရရှိခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ နေတိုးကသူ့ရဲ့ Facebook မှာ သဘာဝတရား ကြီးရဲ့အလှတရားကို သူနဲ့ထပ်တူခံစားနိုင်ဖို့ ပြင်ဦးလွင်မြို့ရဲ့ လှပတဲ့ရှုခင်းတွေနဲ့အတူ အမိုက်စားပုံရိပ်တွေကို မျှဝေထားပါတယ်။

ဒီအကြောင်းအရာကို သူ့ရဲ့ Facebook မှာ ပရိသတ်များအားလုံးရဲ့ Super Saturday မှာ သဘာဝတရားကြီးရဲ့အလှတရားကိုကျွန်တော်နဲ့အတူ အပြည့်အဝခံစားနိုင်စေဖို့ ပရိသတ်များ အားလုံးအတွက် နာမည်တူရုပ်ရှင်တကားရဲ့ တနေရာမှ....... ထာဝရ....နေတိုး ဆိုပြီး တင် ထားတာဖြစ်ပါတယ်။ ဆွယ်တာအင်္ကျ ီ၊ ခေါင်းစွပ်၊ ဘောင်းဘီရှည်တို့ကို တွဲဖက်ဝတ်ဆင် ထားပြီး တကယ့်ကိုခပ်မိုက်မိုက်ပုံတွေကို Pose အပြည့်နဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိတ် သတ်တွေလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Nay Toe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။