ပရိသတ်အချစ်တော် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ မြန်မာမှု့လက်ရာတွေကို မြတ်နိုးစွာ ချစ်တယ်လို့ ဆိုပါတယ်..။

မြန်မာဝတ်စုံလေးတွေကို အမြဲ စွဲစွဲမြဲမြဲ ဝတ်တတ်တဲ့ သူမကတော့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ရတာလည်း ကြိုက်နှစ်သ်တဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

မြန်မာမှုတွေကို နှစ်သက်သဘောကျတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ရောက်ရှိခဲ့တာ ဖြစ်ပြီး မြန်မာမှုပုသိမ်ထီးလေးတွေနဲ့ ဓာတ်ဖမ်းခဲ့တာလည်း တွေ့ရပါတယ်..။

မင်းသမီးချောလေး မေမြင့်မိုုရ်က သူမအသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ရိုးရိုးလေးနဲ့ နန်းဆန်ပြီး ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“မြန်မာမလေးကမြန်မာဝတ်စုံဝတ်ရတာကြိုက်တယ်.. မြန်မာမှု့လက်ရာတွေကိုမြတ်နိုးစွာချစ်တယ်..” ဆိုပြီးလည်း ပြောပြထားပါသေးတယ်..။

ဓာတ်ပုံတွေထဲမှာလည်း မြန်မာမှုပုသိမ်ထီးတွေကြားမှာ ရိုးရိုးလေးလေးနဲ့ ဂုဏ်ကျက်သရေရှိရှိ လှပကျော့ရှင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ထင်ဟက်နေစေပါတယ်..။

မင်းသမီးချောလေး မေမြင့်မိုရ်ဟာ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လာပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာလေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

အနုပညာလောကမှာ ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေ အခိုင်အမာရရှိပိုင်ဆိုင်ထားသလို မကြာခင်ကမှ ဥပဒေပညာဘွဲ့ရရှိထားတဲ့ ရှေ့နေမလေး အသစ်စက်စက် တစ်ယောက်လည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး “ပုဂံမြို့သူ” ဇာတ်ကားမှာလည်း မေမြင့်မိုရ်၊ ဒေါင်း၊ ထူးအောင်၊ အိစိကွေးတို့နဲ့ အတူ သရုပ်ဆောင်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

Source - မေမြင့်မိုရ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။