1။ Freezing (အေးခဲစေခြင်း)

ဂျာမန်တိုက်လေယာဉ် တွေအေးခဲနေတဲ့ ရေထဲကို ပျက်ကျခဲ့ပါက လေယာဉ်မှု အသက်ရှင်နိုင်မည့် နည်းလမ်းနှင့် သူတို့ ကို အထိရောက်ဆုံးကုသဖို့ ဆေးဝါး ရှာဖွေ နေစဉ်မှာ အကျဉ်းသားများကို ရေအေးထဲတွင် 5 နာရီကြာ ရေစိမ်ပြီး စမ်းသပ်ခဲ့ကြသည်။ ရလဒ်ကတော့ အောင်မြင်ခဲ့သလားမသိပေမယ့် အဆိုပါစမ်းသပ်မှုမှာတော့ အကျဉ်းသားတော်တော်များများ သေဆုံးခဲ့ပါတယ်

2။ Tuberculosis ( တီဘီ ရောဂါ)

သာမာန်လူတစ်ယောက်ဟာ တီဘီ ရောဂါကို ဘယ်လောက်ထိ ခံနိုင် ရည်ရှိ သလဲ နောက်ပြီး တီဘီရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် စမ်းသပတီထွင်ခဲ့ကြပါသေးတယ်။ သူတို့စမ်းသပ်ပုံကတော့ အကျဉ်းသား အဆုပ် ထဲသို့ TB ရောဂါပိုးမွား များတိုက်ရိုက်ထိုးသွင်းတာပဲဖြစ်ပါတယ။ ဒီစမ်းသပ်မှုမှာလည်း လူပေါင်း 200 သေဆုံးခဲ့သည်။

3။ Transplant (ခြေလက်အင်္ဂ ါ အစားထိုး)

ဂျာမန်စစ်သားများ တိုက်ပွဲအတွင်း ခြေလက်များ ဆုံးရှုံး ခဲ့ပါက အစားထိုးနိုင်ရန် အတွက် နည်းလမ်းမျိုးစုံစဉ်းစားခဲ့ပါတယ်။ တချို့သောနည်းလမ်းဟာဆိုရင် အကျဉ်းသား တစ်ယောက် ထံမှ ခြေ လက် အင်္ဂါ ကို တစ်ခြားသော အကျဉ်းသား ခြေလက်အင်္ဂါဖြင့် အစားထိုး စမ်းသပ်ခဲ့ ပါသည်။ သို့သော် နည်းပညာပိုင်းလိုအပ်ချက်တွေ ကြောင့်တစ်ခါမှ မအောင် မြင်ဘဲ အကျဉ်းသားများသာ သေဆုံးခဲ့ရပါသည်။

4။ Twins (အမွာပူး)

ဂျာမဏီနိုင်ငံ လူဦးရေ နစ်ဆ တိုးပွား ပြီး စစ်သားဦးရေ များပြားစေရန် ဒုတိယ ကမ္ဘာ စစ် အတွင်းအကျဉ်း သားများ နှင့် အမွာပူး 1000 ကို စပ်းသပ် ခဲ့ပါတယ်။ ထိုကဲ့သို့ စမ်းသပ်မှုတွေအပြီးမှာတော့ အမွာပူး ခလေး 200 ကိုသာ အသက်ရှင်ခွင့်ပေးခဲ့သည်။ ကျန် အမွာပူးလေးများကို နှလုံးထဲ သို့ Chloroform ထိုးသွင်းကာ ရက်ရက်စက်စက် ကွပ်မြတ် ခဲ့ပါတယ်။

5။ Poison (အဆိပ်)

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ထံမှာ လက်နက်ချ၍သော်လည်းကောင်း ၊ စစ်သုံ့ပန်းအဖြစ်သော်လည်းကောင်း ဖမ်းမိတဲ့ အကျဉ်းသား အများအပြားရှိခဲ့ပါတယ်။ သိပ္ပံပညာရှင်တို့က ယလုလို ဖမ်းမိထားသည့် အကျဉ်းသားများ ကို ကွပ်မြတ် သည့် ပုံစံ အသစ် ရရှိ ရန် Phenol (ဖီန်နော) နှင့် Cyanide (ဆိုင်ယာနိုတ် )နှစ်မျိုးရောပြီ လူခန္ဒာ ကိုယ်ထဲ ထိုးသွင်း စမ်းသပ်ခဲ့ ပါသည်။ 

Source : Once A Glance Page (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။