နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းတစ်ယောက် သူမရဲ့ချစ်စဖွယ် သားလေးကို ချစ်စနိုးနဲ့ (မက်မုံသီးလေး) ဆိုတဲ့နာမည်လေးကို ခေါ်တွင်ခဲ့ပါတယ်။ ကလေးလေးကလည်း တကယ့်မက်မုံသီးလေးအတိုင်း ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ချစ်စရာ ကောင်းပြီး ပါးလေးတွေရဲနေပါတယ်။ မြင်သူတိုင်းချစ်ချင်စရာကောင်းလောက်အောင် ကစ်ကစ်တုတ်တုတ်သားလေးဆိုတော့ မိဘတွေအနေ နဲ့ကတော့ ပိုသည်းတာမဆန်းတော့ပါ ဘူး။ ချစ်စဖွယ်သားလေးရဲ့ လက်ရာနဲ့ခြေရာလေးကို ဖော့ခွက်လေးထဲမှာ ပုံစံယူထားပြီး ရွှေကပ်ပေးထားရတဲ့အထိ သားလေးကိုတန်ဖိုးထားချစ်ခင်ကြပါ တယ်။

မက်မုံသီးလေးကတော့ အသက်အားဖြင့် နှစ်လသာသာလောက်ပဲရှိသေးပေမယ့် အရမ်းကိုချစ်စရာ ကောင်းလွန်းတဲ့အနေအထားတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ဖေဖေမေမေ တို့ရဲ့ အသည်းကျော်လေး ဖြစ်နေပြီပဲဖြစ်ပါတယ်။ သူမသားလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို သိမ်းဆည်းထားနိုင်ဖို့အတွက် Peach Lay (မက်မုံသီးလေး) လို့အဓိပ္ပါယ်ရတဲ့ Facebook အကောင့်သစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအကောင့်မှာ ကလေးရဲ့နေ့စဉ် ချစ်စဖွယ်ပုံရိပ် လေးတွေကို တင်မှာဖြစ်တယ်လို့ သူမကဆိုပါတယ်။ ချစ်စဖွယ်မက်မုံသီးလေးကတော့ Facebook မသုံးတတ်ခင်ကတည်းက Friend နဲ့ Follower တွေများပြီး ဆယ်လီဖြစ်လို့နေပါ ပြီ။

သဉ္ဇာနွယ်ဝင်းက သူမရဲ့ Facebook မှာ သားလေးပုံတွေသိမ်းဖို့အကောင့်ဖွင့်လိုက်ပြီ နေ့တိုင်းရိုက်တဲ့ ပုံတွေသိမ်းဖို့ဒီနည်းပဲရှိတော့တယ် ဖုန်းထဲမှာလည်းသားပုံတွေအပြည့်ပဲ ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။ သားသမီးအပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္ တာဟာ ပြည့်ရုံတင်မက အများကြီး ပိုလျှံနေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ချစ်စရာ ကောင်းတဲ့ မက်မုံသီးလေးရဲ့ပုံရိပ်တွေကိုလည်း ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေး လိုက်ပြီနော်။

Photo – Thinzar Nwewin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။