နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် သူမရဲ့ Facebook မှာ အမြဲလိုလို ဒဿနလေးတွေရေးတင်တတ်ပါတယ်။ တစ်ခါတလေ ဟာသဆန်ဆန် တစ်ခါ တလေ ဘဝဆန်ဆန် တစ်ခါတလေ Drama ဆန်ဆန်လေးတွေပေါ့။ ရသပေါင်းစုံပေးတတ် တဲ့ သူမရဲ့စာလေးတွေကလည်း ပရိတ်သတ်တွေရဲ့ ဘဝအမောတွေကို တစ်မျိုးတဖုံပြေစေ တာမို့ ပြည်သူချစ်တဲ့အနုပညာရှင်လေးအဖြစ် ယခုထက်တိုင်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ငယ်စဉ်ဘဝက အမဖြစ်သူ နှင်းဝတ်ရည်သောင်းနဲ့အတူ အနုပညာလောကထဲကို ချေခြခဲ့ကြ ပြီး နောက်ပိုင်းမှာ ခေတ္တအနားယူသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမဖြစ်သူ နှင်းဝတ်ရည်သောင်းက အင်္ဂလန်နိုင်ငံမှာ ရုံးလုပ်ငန်းလုပ် ရင်း ဘဝကို အဆင်ပြေပြေကောင်းမွန်စွာနဲ့ ဖြတ်သန်းနေတာဖြစ်ပြီး သူမကတော့ ဝါသနာပါရာ အနုပညာလောက ထဲကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်မှာ သူမရဲ့အလှတရားဟာ ကျက်သရေရှိစွာနဲ့ တည်ငြိမ်ရင့်ကျက်နေပါတော့တယ်။ ဒီလိုအလှ တရားတစ်ခုနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုထိုးဖောက်ခဲ့တာကြောင့် ပရိတ်သတ်တွေကလည်း သူမကိုနွေးထွေးစွာပြန်လည်ကြိုဆိုခဲ့ပါ တယ်။ သူမက “ ရွှေလွန်းသံ ” ဆိုတဲ့ ပိုးထည်ဆိုင် လေးကိုလည်းဖွင့်လှစ်ထားပြီး အဆင်ပြေတဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုအဖြစ်နဲ့ လည်ပတ် နေတာဖြစ်ပါတယ်။

သူမရဲ့ ဝတုတ်လေးတွေအတွက် အမှာစကားလေးက သိပ်ကိုချစ်ဖို့ကောင်းပါတယ်။ သူမရဲ့ Facebook မှာ “ကိုယ့်ကိုဝလာတယ်လို့ သူများတွေပြောရင် မင်းကျေနပ်လိုက်ပါ ဂုဏ်ယူ လိုက်ပါ မင်းကိုယ့်ကို ဘယ်လောက်စိတ်ချမ်းသာအောင်ထားလဲဆိုတာ အဲ့ဒီ့အဆီလေးတွေ က အကောင်းဆုံး သက်သေတွေပဲပေါ့။ ဟဲ ဟဲ ကိုယ်လည်းအဲ့လိုပဲ ခံယူထားတယ် ” ဆိုပြီး သူမရဲ့မြန်မာဆန်ဆန် လှပမှုလေးတွေနဲ့တွဲဖက်ပြီး တင်ထားတာဖြစ်ပါတယ်။ မအေးသောင်း ရဲ့စာကိုဖတ်ပြီး ဝတုတ်လေး တွေလဲ အားမငယ်နဲ့တော့နော်။ ဝလာတယ်လို့ပြောတဲ့ သူတွေကို ဒီစာလေးထဲကအတိုင်း ခပ်ချေချေ လေးပြန်ပြောလိုက်ပါလို့။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။