သရုပ်ဆောင် ရဲတိုက် ၊မြင့်မြတ်နှင့် ရွှေထူးတို့ အပြိုင်သရုပ်ဆောင် တစ္စေကြောက်တဲ့စုန်းကေ၀ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်အတွင်း ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ တစ္စေကြောက်တဲ့စုန်းကဝေလို့ အမည်ရတဲ့ ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်ကရိုက်ကူးမှာပဲဖြစ်ပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်များကတော့ ရဲတိုက် ၊ မြင့်မြတ်နဲ့ မင်းသမီး တစ်ဦး ပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။ 

မင်းသား သုံးယောက်ပါဝင်ခြင်းနှင့်ပက်သက်၍လည်း ပရိသတ်အချစ်တော်မင်းသားများဖြစ်သည့် အပြင် ယခုလိုတွဲဖက် ပေးလိုက်ခြင်းကလည်း ပရိသတ်တွေရဲ့ အမြင်ဆန်းစေတယ်လို့ Myamar Media 7 မှ ကိုဝေမင်းမောင်ကပြောပြထားပါတယ်။ မင်းသားသုံးယောက်လုံး ဇာတ်လမ်းဇာတ်ကွက် အကုန် ညီတူညီမျှ သရုပ်ဆောင်ဆောင်ကြမှာ ဖြစ်တယ်လို့လည်း ဆက်လက် ပြောပြထားပါတယ်။ 

ဇာတ်လမ်း အမျိုးအစားကတော့ အချစ် Romanticပုံစံမျိုး ဖြစ်ပြီး ပါဝင်သရုပ်ဆောင်မည့် မင်းသမီးကိုတော့ မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။ ရွေးချယ်မည့်မင်းသမီးကိုတော့ ဇာတ်လမ်းနဲ့လိုက်ဖတ်ပြီး မင်းသားတွေနဲ့အတွဲညီညီသရုပ်ဆောင်နိုင်မယ့်သူကို ရွေးချယ်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ထိုဇာတ်ကား ထဲတွင် မင်းသား ၃ယောက်ရဲ့ အားပြိုင်မှု ကို အဓိကမြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးလည်း မင်းသား၃လက် အားပြိုင်တော့မယ့် တစ္စေကြောက်တဲ့စုန်းကေ၀ ဇာတ်ကားကြီးထွက်ရှိလာရင်လည်း အားပေးလိုက်ကြပါအုန်းနော်။ 

Source : Eleven Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။