မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး အောင်လေးကတော့ ချစ်သူ ဟန်လေးနဲ့ ဘာမှ မသက်ဆိုင်တော့တဲ့အကြောင်း ပြောလာပါတယ်..။

မော်လ်ဒယ် သရုပ်ဆောင် အောင်လေးနဲ့ ချစ်သူ ဟန်လေးတို့ကတော့ ပရိသတ်တွေ သဘောတူ အားကျရတဲ့ အနုပညာရှင် ဆယ်လီ စုံတွဲတွေထဲက တစ်တွဲလည်း ဖြစ်ပါတယ်..။

ဒီတစ်ခါမှာတော့ သူတို့ ချစ်သူနှစ်ဦးဟာ တကယ်ပဲလမ်းခွဲပြတ်စဲတော့မလားဆိုပြီး ပရိသတ်တွေကတော့ စိုးရိမ်နေကြတာ တွေ့ရပါတယ်..။

ယနေ့ ဇန်နဝါရီ(၁၃)ရက်နေ့ မနက်ပိုင်းမှာ အောင်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်သူဟန်လေးနဲ့ မသက်ဆိုင်တော့တဲ့အကြောင်းကို ရေးသားထားတာကြောင့် ဖြစ်ပါတယ်..။

“ယနေ့ ယခုကစပြီး ဟန်လေး နှင့် မည်သည့် အကြောင်းကြောင်းနှင့်မျှ မသက်ဆိုင်တော့ပါ..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟန်လေးလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကပဲ “အဖြစ်ပျက်တွေ အားလုံးကို အချိန်က ပြောပြပါလိမ်မယ့် ဒီအသိုင်းဝိုင်း ဒီလောက ကလူတွေလဲ ဘယ်သူက ဘာဆိုတာ သိ့နေကြတာပဲ.. အားလုံးကို ချစ်တယ်..” တုန့်ပြန်ပြောထားတာ တွေ့ရပါတယ်..။

သူတို့နှစ်ဦးရဲ့ အဲ့ဒီပို့စ်တွေရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း လမ်းမခွဲစေချင်တဲ့အကြောင်းနဲ့ စိတ်မကောင်း ဖြစ်တဲ့အကြောင်းလေးတွေကို Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ သူတို့ ချစ်သူနှစ်ဦးဟာ ကြော်ငြာဓာတ်ပုံတွေ အတူတူရိုက်ကူးပေးခဲ့ပါသေးတယ်..။

အောင်လေးနဲ့ ဟန်လေးတို့ နှစ်ဦးစလုံးဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားကြတဲ့ စုံတွဲတွေလည်း ဖြစ်ပါတယ်..။

Source - အောင်လေး၊ ဟန်လေး Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။